မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ပြန်လွတ်​​​ တော့မည်

မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ပြန်လွတ်​​​ တော့မည်

 

ရန်ကုန် ဖေဖော်ဝါရီ ၂၈ ။                ။ လာမည့် မတ်လ ၉ ရက်နေ့တွင် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင် ဒဏ် ၃ လ ချမှတ်ခံခဲ့ရသည့် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ပြန်လည်လွတ်မြောက်တော့ မည်ဖြစ်ကြောင်း သိရသည်။

 ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပြီးနောက် ချုပ်ရက်၊ လျော့ရက်များ ဖြင့် ၁၇ ရက်အကြာတွင် ပြန်လည် လွတ်မြောက် မည်ဖြစ်သည်။ မတ်လ ၉ ရက် နေ့တွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လွတ်လာသည်နှင့် သင်္ကန်း ပြန်စည်း၍ ရွှေတိဂုံဘုရားမှအပြန် အလှူပြု လုပ်မည်ဖြစ်ကြောင်း မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှုလိုက်ပါဆောင်ရွက်သူများအဖွဲ့မှ ဦးစည်သူမြင့်က မဇ္ဈိမသို့ ပြောသည်။

 " ၉ ရက်နေ့မှာပဲ သင်္ကန်းပြန်စည်းမယ်၊ အင်းစိန် ထောင်က လွတ်တာနဲ့ ရွှေတိဂုံဘုရားကို သွား မယ်၊ ပြန်ရောက်တာနဲ့ ကျောင်းမှာ သင်္ကန်းပြန် စည်းမယ်၊ ဧည့်ခံကြိုဆိုတဲ့အဖွဲ့တွေကို ဝက်သား ဟင်းနဲ့ထမင်းကျွေးမယ်" ဟု မကွေးကျောင်း ဆရာတော်ဦးပါမောက္ခအမှုလိုက်ပါဆောင်ရွက်သူ များအဖွဲ့မှ ဦးစည်သူမြင့်က ပြောသည်။

 အဆိုပါအဖွဲ့သည် လာမည့် မတ်လ ၁၂ ရက်နေ့ ၊ နေ့လယ်ပိုင်း တွင် ရန်ကုန်မြို့တော်ခန်းမအနီး စီးတီးစတား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။

 ဆရာတော်ဦးပါမောက္ခသည် ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံးရှေ့တွင် ခွင့်ပြုချက်မရှိဘဲဆန္ဒပြမှုအတွက် အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခံရပြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် အခွန်လွတ်ဈေးမြေနေရာကိစ္စ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်လာရောက်တောင်းခံစဉ် လူဝတ်လဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 ထို့နောက် ကမာရွတ်မြို့နယ်တရားရုံးက ငြိမ်းစု စည်းဥပဒေပုဒ်မ ၁၉ နှင့် နိုင်ငံတော်အကြည် အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စစ်ဆေးခဲ့ ပြီး ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်၍ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)အတွက် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည်။ အမှုရင်ဆိုင်စဉ်အတွင်း အာမခံမပေးခဲ့သည့် အတွက် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly