UNICEF ၊ UNFPA တို့နှင့် ပူးပေါင်း၍ လူမှုဝန်ထမ်း ဦးစီးဌာနက ရေဘေးသင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးနေ

UNICEF ၊ UNFPA တို့နှင့် ပူးပေါင်း၍ လူမှုဝန်ထမ်း ဦးစီးဌာနက ရေဘေးသင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးနေ

လူမှုဝန်ထမ်းဦးစီးဌာနက UNICEF၊ UNIFPA တို့နှင့် ပူးပေါင်း၍ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNICEF၊ UNIFPA တို့နှင့် ပူးပေါင်း၍ သင်တန်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းသူ/သား ၄၂ ဦး ရှိခဲ့ကြောင်း သြဂုတ် ၂၆ မြန်မာ့အလင်းက ဖော်ပြသည်။

စစ်ကိုင်းတိုင်း ကောလင်း၊ ကလေး၊ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်များသို့ ၁၈ ဦး၊ မကွေးတိုင်း ပွင့်ဖြူ၊ စေတုတ္တရာမြို့နယ်များသို့ ၂၀ ဦး၊ ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်သို့ ၁၂ ဦး၊ ချင်းပြည်နယ် ဟားခါးမြို့နယ်သို့ ၆ ဦး စုစုပေါင်း ၅၆ ဦးစေလွှတ်ပြီး နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးတို့ကို ဒေသတွင်း လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် သြဂုတ် ၂၅ မှ စ၍ အသုတ်လိုက် ထွက်ခွာသွားပြီဟု ဆိုသည်။

ယင်းမတိုင်မီကလည်း လူမှုဝန်ထမ်းဦးစီးဌာနသည် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအဖွဲ့များဖွဲ့၍ စစ်ကိုင်းတိုင်း ရေဘေးသင့်ဒေသများဖြစ်သည့် ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ ဘုတလင်၊ ကောလင်း၊ အရာတော်နှင့် ဆားလင်းကြီးမြို့နယ်များ၊ ကလေးမြို့ရှိ တောင်ဖီလာ ကယ်ဆယ်ရေးစခန်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် ကရင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ မသန်းစွမ်းများ၊ သက်ကြီးရွယ်အိုများကို ပံ့ပိုးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags