ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မလွယ်တော့ဟု ကွန်တီပြော

ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မလွယ်တော့ဟု ကွန်တီပြော

 

ဖေဖော်ဝါရီ ၂၆၊ လန်ဒန်။              ။ မန်ယူနိုက်တက်ကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန်မလွယ်တော့ဟု နည်းပြကွန်တီက ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းမှာ အဆင့် ၅ နေရာသို့ဆင်းပေးခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရသည့် စပါးအသင်းက အဆင့် ၄ နေရာ ရောက်လာခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲကစားရန်ကျန်နေသေးချိန်တွင် စပါးအသင်းက လက်ရှိချန်ပီယံချယ်လ်ဆီးထက် နှစ်မှတ်သာနေသည်။ “အန္တရာယ်များပါတယ်။ ကျွန်တော်တို့အာရုံစိုက်ရတော့မယ်။ ပြီးတော့ကျွန်တော်တို့အတွက်အရေးကြီးတဲ့ရည်မှန်းချက်ဆိုတာကို လည်း နားလည်ထားရမယ်”ဟု ကွန်တီကဆိုသည်။

ချယ်လ်ဆီးအသင်းသည် နောက်ပွဲစဉ်အဖြစ် လာမည့်တနင်္ဂနွေတွင် အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးနှင့်ရင်ဆိုင်ရမည် ဖြစ်ပြီး စပါးအသင်းက ဟက်ဒါဖီးလ်နှင့်ကစားရမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဘာစီလိုနာကို တစ်ဂိုးစီသရေကစားထားပြီး အက်ဖ်အေဖလားတွင်လည်း ကွာတားရောက်နေသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly