အပစ်အခတ်ရပ်စဲရန် သဘောတူညီထားသော်လည်း ဆီးရီးယားအစိုးရက လေကြောင်းထိုးစစ် ဆက်လက်ဆင်နွှဲ

အပစ်အခတ်ရပ်စဲရန် သဘောတူညီထားသော်လည်း ဆီးရီးယားအစိုးရက လေကြောင်းထိုးစစ် ဆက်လက်ဆင်နွှဲ

ဘေရွတ်၊ လက်ဘနွန်၊နိုဝင်ဘာ ၂၅။         ။ ဆီးရီးယားနိုင်ငံအတွင်း ရက် ၃၀ ခန့် အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ သဘောတူညီထား ခဲ့သော်လည်း ဆီးရီးယားအစိုးရက သူပုန်များထိန်းချုပ်ရာ ဂူတာအရှေ့ပိုင်းနယ်မြေထဲသို့ လေကြောင်းတိုက် ခိုက်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

တနင်္ဂနွေနေ့မနက်ပိုင်းတွင်ပြုလုပ်ခဲ့သော လေကြောင်းထိုးစစ်များအတွင်း ဂူတာအရှေ့ပိုင်းဒေသထဲမှ အဓိက မြို့ဖြစ်သော ဒူမာမြို့အတွင်းရှိ နယ်မြေနှစ်ခုလည်း ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်း   ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့က ဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက သူပုန်နယ်မြေအတွင်းရှိပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ဆေးဝါးအထောက်အကူများပေးရန်အတွက် ရက် ၃၀ ခန့်အပစ်အခတ်ရပ်စဲရန် စနေနေ့က တစ်ညီတစ်ညွတ်တည်း အတည်ပြုတောင်းဆိုခဲ့သည်။

သို့သော်လည်း ဆီးရီးယားအစိုးရဘက်မှ လိုက်နာခြင်းမရှိပဲ ရော့ကတ်များ လက်နက်ကြီးများနှင့် ဆက်လက် တိုက်ခိုက်နေသည့်အတွက် ဂူတာအရှေ့ပိုင်းနယ်မြေထဲမှ ဒူမာမြို့အပါအဝင် နယ်မြေ ၃ခုထက်မနည်း ထိခိုက်ခဲ့ ရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ ရာမီအက်ဘ်ဒူရာမန်က ပြောခဲ့သည်။

အပျက်အစီးအဆုံးအရှုံးစာရင်းနှင့်ပက်သက်၍ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

ဒါ့အပြင် အက်ဘ်ဒူရာမန်က ဂူတာအရှေ့ပိုင်းနယ်မြေထဲမှ တောင်ဘက်အခြမ်းတွင် အစိုးရစစ်တပ်နှင့် ဂျာအစ်ရှ် အယ်လ်အစ္စလာမ် သူပုန်အဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေကြောင်းလည်း ပြောခဲ့သည်။

ဆီးရီးယားအစိုးရသည် လွန်ခဲ့သောဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကတည်းက ဒါမာစကပ်မြို့အနီးရှိ သူပုန်နယ်မြေ ထဲသို့ လေကြောင်းထိုးစစ်များနှင့် လက်နက်ကြီးတို့ဖြင့်တိုက်ခိုက်မှုများကို အဆက်မပြတ်ပြုလုပ်ခဲ့ပြီး ထိုအချိန်မှ စ၍ ယခုအချိန်အထိ သေဆုံးသူပေါင်း ၅၁၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ယင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly