ဦးဝီရသူအား အရေးယူပေးရန်ဆိုသည့်ပွဲ မဘသဆရာတော်များရောက်လာ၍ မပြုလုပ်တော့ဟု ဆို

ဦးဝီရသူအား အရေးယူပေးရန်ဆိုသည့်ပွဲ မဘသဆရာတော်များရောက်လာ၍ မပြုလုပ်တော့ဟု ဆို

ရန်ကုန် ဖေဖော်ဝါရီ ၂၅ ။           ။ ဦးဝီရသူအားအရေးယူပေးရန်နှင့် သံဃာတော်များနှိုးဆော်ခြင်းခေါင်းစဉ်ဖြင့် ယနေ့ ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲ မဘသဆရာတော်များရောက်လာ၍ မပြုလုပ်တော့ကြောင်း သိရသည်။

ယင်းသို့ သတင်းစာရှင်းလင်းပွဲမဖြစ်ခဲ့သည့်ကိစ္စ နှင့်ပတ်သက်၍ ဦးဆောင်စီစဉ်နေသည် ဦးမင်းသုည (ဗုဒ္ဓတက္ကသိုလ်)ကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ မဘသသံဃာတော်များလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ရောက်ရှိနေ ခြင်းကြောင့် ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း ပြန်လည်မိန့်ကြားသည်။

" လောလောဆယ်တော့ ဦးဇင်းတို့ ရုံးပေါ်မှာ မဘသသံဃာတွေလည်း တော်တော်များများ ရောက်နေတယ်လေ၊ ဦးဇင်းတို့က သတင်းထောက် တွေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်မှာဆိုတော့ အခန်းကလည်း အခက်အခဲရှိနေတာကိုး၊ သတင်း ထောက်တွေကိုပဲထားပြီး အပြင်ပြန်ထုတ်ပေးဖို့ ညှိတာ အဆင်မပြေဘူးလေ" ဟု ဦးမင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဂျာနယ်လစ်ကွန်ယက်ရုံးတွင် ပြု လုပ်မည့် အဆိုပါသတင်းစာရှင်းလင်းပွဲသို့ အမျိုး သားရေးသမားဆိုသူများနှင့် အမျိုးသားရေးဆရာ တော်များကြိုတင်ရောက်ရှိနေပြီး၊ သတင်းစာရှင်းလင်းပွဲကို ဦးဆောင်မည့် ဦးမင်းသုည(ဗုဒ္ဓတက္က သိုလ်) ရောက်ရှိလာခြင်း မရှိပေ။

အဆိုပါပွဲသို့  သံဃာတော် ၂၅ ပါးခန့် ကြွရောက်ခဲ့ပြီး အမျိုးသားရေး ဆရာတော်များ ပါဝင်နေသည်ကို တွေ့ရကာ ယင်းကဲ့သို့ ကြွရောက်လာမှုအား မဘသဆရာတော်များ ရောက်ရှိလာသဖြင့် ပွဲမပြုလုပ်ဖြစ်တော့ဟု ပွဲဦးဆောင်စီစဉ်သည့် ဦးမင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းမှ ကြွရောက်လာသည့် အမျိုးသားရေးဆရာတော် ဦးတေဇဝန က " ဆရာတော်မင်းသုညက သာသနာတော်သန့် ရှင်းရေးကို လိုလားသူတွေအားလုံးတက်ရောက် ဖို့ လူမှုကွန်ယက်က ဖိတ်ကြားထားတယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့က လိုအပ်ရင် ဝန်းရံအကူ အညီပေးနိုင်အောင် ကြွရောက်လာတာ၊ ဆရာတော် ဦးဝီရသူကို ခေါင်းစဉ်တပ်တာဆိုပေမယ့် သာသနာတော်သန့်ရှင်းရေးဆိုတာကို စိတ်ဝင်စားလို့ လာတာ၊ အခုလို သူက ကြွမလာဘူး၊ ဆို တော့ ဒါက မလေးစားတာပဲ၊ သံဃာတော်တွေကို မလေးစားတာ" ဟု ဦးမင်းသုည (ဗုဒ္ဓတက္ကသိုလ်)စီစဉ်သည့်ပွဲအပေါ် မိန့်ကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ဦးဆောင် စီစဉ်နေသည့်ကိစ္စနှင့်ပတ်သက်၍လည်း ခြိမ်း ခြောက်ခံရခြင်းများရှိခဲ့သည်ဟု ဦးမင်းသုည (ဗုဒ္ဓတက္ကသိုလ်)က ဖေဖော်ဝါရီ ၂၃ ရက်နေ့က မဇ္ဈိမသို့ မိန့်ကြားထားသည်။

"လောလောဆယ်ကျင်းလိုက်ရင် အခြေအနေ တွေ ရှုပ်ထွေးလာမှာစိုးလို့ ရွှေ့ဆိုင်းလိုက်တဲ့ သဘောပါ၊ အားလုံး တွေ့မှာပါ၊ မြင်မှာပါ၊ အား လုံးနားတွေပါတယ်၊ အားလုံး မျက်လုံးတွေပါ တယ်၊ အားလုံး မျက်လုံးတွေ ပါတယ်၊ ဘာလို့ သတင်းစာရှင်းလင်းပွဲရွှေ့ရလဲဆိုတာ၊ ကိုယ့်အမြင်တိုင်း ရေးကြပါ" ဟု အဓမ္မဝါဒဆန့်ကျင်ရေး ကော်မတီမှ ဦးမြတ်ကျော်က ပြောသည်။

သတင်းစာရှင်းလင်းပွဲကို မည်သည့်နေရာ၊ မည်သည့် အချိန်ပြန်လည်ပြုလုပ်မည်ကို ပြန်လည် မိန့်ကြားခြင်း မရှိသော်လည်း ယနေ့ ည နေ ၅ နာရီတွင် ပွဲကို ဆက်လက်လုပ်ဆောင်ကျင်းပမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြင့်တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီ အစည်းဝေးတွင် ပြည်ထာင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာ တော်တစ်ရပ်လုံးကို မထီမဲ့မြင်ပြုမူနေထိုင်ပြီး ဝိနည်းတော်နှင့်မညီသည့် ရဟန်းသံဃာတော်များကို ဓမ္မစက်ကနေ အာဏာစက်ဖြင့် အရေးယူနိုင်ရေး ညွှန်ကြားပေးရန် လျှောက်ထားခဲ့ ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly