အိုလံပစ်ပိတ်ပွဲအခမ်းအနား တက်ရောက်ရန် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ တောင်ပိုင်းသို့ရောက်ရှိ

အိုလံပစ်ပိတ်ပွဲအခမ်းအနား တက်ရောက်ရန် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ တောင်ပိုင်းသို့ရောက်ရှိ

ဆိုးလ်၊ တောင်ကိုရီးယား၊ ဖေဖေါ်ဝါရီ ၂၅ ။           ။ နာမည်ပျက်စာရင်းထဲ ထည့်သွင်းခံထားရသော မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးတစ်ဦး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည်   ဆောင်းရာသီအိုလံပစ်ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်အတွက် တောင်ကိုရီးယားသို့ တနင်္ဂနွေနေ့တွင် ရောက်ရှိလာခဲ့သည်။

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့၏ လာရောက်မှုကို ဆန့်ကျင်ဆန္ဒပြမှုများရှိနေသော်လည်း ဗိုလ်ချုပ်ကြီး ကင်မ်ယုံချိုလ်ဦးဆောင်သောအဖွဲ့သည် အစောင့်အကြပ်အများအပြားနှင့် တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ သည်။

ပြုံယမ်းအစိုးရမှစေလွှတ်လိုက်သော ကော်မတီဝင် ၈ဦးပါဝင်သည့်အဖွဲ့သည် ကိုရီးယားနှစ်နိုင်ငံကိုပိုင်းခြားထား သော စစ်ရေးလှုပ်ရှားမှုကင်းမဲ့ဇုန်၏ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်လာပြီးနောက် တောင်ကိုရီးယားသို့ ဒေသစံတော်ချိန် မနက် ၉း၅၃ နာရီခန့်တွင် ရောက်ရှိလာခဲ့သည်။

ယင်းကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယား၌ သုံးရက်တာနေထိုင်ပြီး ဆောင်းရာသီအိုလံပစ်ပိတ်ပွဲအခမ်း အနားသို့ တက်ရောက်မည်ဖြစ်သည်။ ဒါ့အပြင် ထိုအခမ်းအနားသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သမီး ဖြစ်သူ အိုင်ဗင်ကာထရမ့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်မည်ဟု သိရသည်။

မြောက်ကိုရီးယားအစိုးရအား ၎င်းတို့၏နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းတပ်ဒုံးပျံ စမ်းသပ်မှုများကြောင့် အမေရိကန်တို့က အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသည့်အတွက် ယင်းအခြေအနေကို လျှော့ချနိုင်ရန် ယခုလို ချစ်ကြည်ရေး ခရီးစဉ်အနေဖြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခြင်းဖြစ်နိုင်သည်ဟု လေ့လာသူများက ယူဆ လျက်ရှိသည်။

သို့သော်လည်း ကင်မ်ဂျုံအမ်း၏ညီမဖြစ်သူ ကင်မ်ယိုဂျုံသည် အိုလံပစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အမေရိကန်ဒုသမ္မတမိုက်ခ်ပန့်စ်နှင့် နီးကပ်စွာထိုင်နေခဲ့သော်လည်း နှစ်ဦးကြား အပြန်အလှန်နှုတ်ဆက်ပြောဆို ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

ပိတ်ပွဲသို့တက်ရောက်မည့် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဆိုးလ်အစိုးရ၏ အရေးယူဒဏ်ခတ်ထား သည့် စာရင်းထဲ၌ပါဝင်သော အသက် ၇၂နှစ်အရွယ် ကင်မ်ယုံချိုလ်က ဦးဆောင်လာခဲ့ခြင်းဖြစ်ကာ သူသည် လွန်ခဲ့သော ၂၀၁၀ခုနှစ်က တောင်ကိုရီးယားပြည်သူ ၅၀ ကျော် သေဆုံးခဲ့ရသော တိုက်ခိုက်မှုနှစ်ခု၏ နောက်ကွယ်မှ အဓိကတရားခံဖြစ်သည်ဟု လူအများက ယူဆလျက်ရှိသည်။

သူ့အား ဖမ်းဆီးပေးရန်အတွက် ထိခိုက်နစ်နာခံရသူများ၏ မိသားစုဝင်များက တောင်ကိုရီးယားအစိုးရကို တောင်းဆိုဆန္ဒပြလျက်ရှိသော်လည်း သမ္မတမွန်းဂျေးအင်က နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးကိုရှေးရှုကာ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို လက်ခံကြိုဆိုခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly