လယ်ယာမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးတွင် ယခင်မြေသိမ်းတာဝန်ယူခဲ့သူများ လွှမ်းမိုးသည့် ဖွဲ့စည်းပုံဖြစ်နေဟုဆို

လယ်ယာမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးတွင် ယခင်မြေသိမ်းတာဝန်ယူခဲ့သူများ လွှမ်းမိုးသည့် ဖွဲ့စည်းပုံဖြစ်နေဟုဆို

ရန်ကုန် ဖေဖော်ဝါရီ ၂၄ ။             ။ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက ဆောင်ရွက်သည့် သိမ်းဆည်းခံလယ်ယာမြေကိစ္စရပ်များတွင် အဓိကကျသည့် မြို့နယ်နှင့်ခရိုင်အဆင့် (မြေ/ စစ်) ကော်မတီများ၏ တာဝန်များကို ယခင်က မြေသိမ်းဆည်းမှုများတွင် အဓိကတာဝန်ယူခဲ့သည့် အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းနှင့် လယ်/စီ ကော် မတီများက လွှမ်းမိုးနေသည့် ဖွဲ့စည်းပုံဖြစ်နေသည်ဟု သံလွင်(နိုင်ငံသားစွမ်းရည်မြှင့်တင်ရေး အဖွဲ့)၏ အမှုဆောင်ဒါရိုက်တာ ဦးသီဟသူက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ City Star Hotelတွင် ပြုလုပ်ခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးလုပ်ငန်းအပေါ် လေ့လာဆန်းစစ်ခြင်း သုတေသန အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားအပြီး ပြောခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဗဟိုမြေ/စစ်အဖွဲ့၏ စွန့်လွှတ် မြေများနှင့်ပတ်သက်သော ညွှန်ကြားချက်တွင် မြေယာစွန့်လွှတ်သူက ဆုံးဖြတ်ရမည်ဆိုသည့် သဘောမျိုးမှာ ရှုပ်ထွေးပြီး အဟန့်အတားဖြစ် စေသည်ဟု ဦးသီဟသူက ပြောသည်။

"တစ်ကယ်လို့ စွန့်လွှတ်တဲ့သူက ဖြစ်သင့်တာက သူတို့က နိုင်ငံတော်ကိုသာ စွန့်လွှတ်ရမှာ၊ နိုင်ငံ တော်ကသာ ပြန်ဆုံးဖြတ်ပြီးတော့ ဒီမြေကို မူလ ပိုင်ရှင်ထံပေးတာပဲဖြစ်ဖြစ်၊ ဒါနဲ့ပတ်သက်ပြီး မူလပိုင်ရှင်ကိုပေးဖို့ အခက်အခဲ ရှိနေတဲ့ ဌာနဆိုင်ရာတွေကြားမှာ လုပ်ထုံးလုပ်နည်းတွေက အစိုးရက ဆုံးဖြတ်ရမယ့်ကိစ္စပါ၊ အဲဒီလို မဟုတ် ဘဲနဲ့ စွန့်လွှတ်တဲ့သူက ဆုံးဖြတ်မယ်ဆိုရင် ပိုပြီးတော့ ရှုပ်ထွေးပါတယ်" ဟု သံလွင်(နိုင်ငံသား စွမ်းရည်မြှင့် တင်ရေးအဖွဲ့)၏ အမှုဆောင် ဒါရိုက်တာ ဦးသီဟသူက ပြောသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါစီရင်ခံစာကို သံလွင်(နိုင်ငံသားစွမ်းရည် မြှင့်တင်ရေးအဖွဲ့)က ဧရာဝတီတိုင်းအတွင်း သိမ်း ဆည်းခံလယ်ယာမြေကိစ္စရပ်များကို ကွင်းဆင်း သုတေသနပြုပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သုတေသနအစီ ရင်ခံစာတွင် ၂၀၁၅ ခုနှစ်၊ ရွေးကောက်တင်မြှောက် ခံရသည့် NLD အစိုးရလက်ထက်တွင် လည်း အရင်အစိုးရလက်ထက်ကကဲ့သို့ သိမ်းဆည်းခံ လယ်ယာမြေကိစ္စများကို ထိရောက်စွာ မဖြေရှင်းနိုင်ခဲ့ဘဲ လယ်သိမ်းခံတောင်သူများထံ သိမ်းဆည်းမြေများ ထိရောက်စွာ ပြန်မပေးနိုင်ကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာတွင် မူဝါဒပိုင်း၊ လုပ်ငန်းစဉ်များကို အချက် ၂၄ ချက်နှင့် အကြံပြုချက် ၂၄ ချက် ပါဝင်ပြီး ဗဟိုကော်မတီအပေါ် အကြံပြုချက်များ၊ ကော်မတီဖွဲ့စည်းပုံအကြံပြုချက်များ၊ စစ်ဆေးခြင်း နှင့် တိုင်ကြားခြင်းအကြံပြုချက်များလည်း ပါဝင် ပါသည်။

လယ်ယာမြေ အသိမ်းဆည်းခံတောင်သူများ တိုင်ကြားနိုင်ရန်အတွက် စနစ်ကျနစွာ စီမံခြင်း မရှိ ဟု သံလွင်(နိုင်ငံသားစွမ်းရည်မြှင့်တင်ရေး အဖွဲ့)မှ ဆိုသည်။

"အသိမ်းဆည်းခံရတဲ့ကာလက ဘယ်လောက် လဲ၊ ဘယ်သူသိမ်းတာလဲ၊ သိမ်းတုန်းက ဘာ အထောက်အထားရှိသလဲ စသဖြင့် ပါသင့်တဲ့ ဟာတွေ ပါရမယ်၊ မသိတော့ကျတော့ တောင် သူတွေက တိုင်စာကို သူတို့ရေးတတ်သလို ရေး ကြတာပေါ့၊ တိုင်စာရေးဖို့သူများကို အကူအညီ တောင်းတယ်၊ ရေးပေးတဲ့သူကလည်း ရေးတတ် သလိုရေးမှာပဲ၊ အဓိက ဘယ်လိုတိုင်ဆိုတာ ရှင်း ရှင်းလင်းလင်း ပြောရမှာ၊ ဘယ်လို အချက်တွေ ပါရမယ်ဆိုတာပါရမလဲ၊ ဘယ်ကို တိုင်ရမလဲ ဆိုတာ မပါတော့ တိုင်ချင်တဲ့နေရာ တိုင်ကုန်ကြ တာပေါ့" ဟု ဦးသီဟသူက ပြောသည်။

အဆိုပါ အစီရင်ခံစာကို အစိုးရအဖွဲ့၊ လွှတ်တော်တို့ကို လည်း ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly