အမေရိကန် ဘီလျှံနာသူဌေးကြီးတစ်ဦးက ဂျေရုဆလင်သံရုံးအတွက် ငွေကြေးကူညီမည်ဟု အစိုးရကို ကမ်းလှမ်း

အမေရိကန် ဘီလျှံနာသူဌေးကြီးတစ်ဦးက ဂျေရုဆလင်သံရုံးအတွက် ငွေကြေးကူညီမည်ဟု အစိုးရကို ကမ်းလှမ်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ။          ။ ဂျေရုဆလင်တွင် အမေရိကန်သံရုံသစ် ပြောင်းရွှေ့ဖွင့်လှစ်ရေးအတွက် ငွေကြေးထောက်ပံ့ကူညီမည်ဟု ရီပတ်ဘရီကန်ပါတီ၏ အဓိကအလှုရှင် သူဌေးကြီး ရှယ်ဒွန်အက်ဒယ်ဆန်က ကမ်းလှမ်းထားခြင်းကို သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက စဉ်းစားသုံးသပ်လျက်ရှိနေသည်။

အငြင်းပွားဖွယ် အလွန်ရှိမည်ဖြစ်သော အဆိုပါ အလှုငွေကမ်းလှမ်းမှုအတွက် တရားဥပဒေရေးရာဘောင်အတွင်း ဝင်နိုင်မနိုင်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရှေ့နေများက အကဲဖြတ်တွက်ချင့်လျက်ရှိနေကြောင်း ထရမ့်အစိုးရ အရာရှိများက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်က လုံခြုံရေးစီမံချက်တစ်ရပ်ကို အတည်ပြုလိုက်ပြီးချိန်တွင် ဂျေရုဆလင်သို့ အမေရိကန်သံရုံး ပြောင်းရွှေ့ဖွင့်လှစ်ရေးတွင် နောက်ဆုံး အဓိကအခက်အခဲကြီးကိုလည်း ဖြေရှင်းလိုက်နိုင်ပြီဖြစ်ကြောင်း ၎င်းတို့က ပြောကြသည်။

ယခု ငွေလှုဒါန်းမည့် သတင်းနှင့် သံရုံးပြောင်းရွှေ့ရေးတွင် လုံခြုံရေးစီမံချက်အား ဝန်ကြီး ရက်ဇ်တေလာဆန်က အတည်ပြုသည့် သတင်းတို့အား လူသိရှင်ကြား ဆွေးနွေးပြောဆိုနိုင်မှု အခွင့်အာဏာ မရှိခြင်းကြောင်း အဆိုပါ တာဝန်ရှိသူများက နာမည်ထုတ်ဖော် မပြောရန် မေတ္တာရပ်ခံသည်။

မှန်းဆချက်တစ်ရပ်အရ ထရမ့်အစိုးရသည် ဂျေရုဆလင်သို့ သံရုံးပြောင်းရွှေ့ရန်အတွက် သူဌေးကြီး အက်ဒယ်ဆန်ထံမှသာမက ဧဝံဂေအသင်းတော်ဝင်နှင့် အမေရိကန် ဂျူးအသိုင်းအဝန်းမှ တစ်ဦးချင်း အလှုရှင်များကိုပါ ပါဝင်လှုဒါန်းရေးအတွက် မြူဆွယ်နိုင်လိမ့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly