ရွေးကောက်ပွဲကာလ ဖေ့စ်ဘုတ်ပေါ်တွင် အကြမ်းဖက်လှုံ့ဆော်သော ဖေ့စ်ဘုတ်ပို့စ်များကို ဖယ်ရှားသွားမည်

ရွေးကောက်ပွဲကာလ ဖေ့စ်ဘုတ်ပေါ်တွင် အကြမ်းဖက်လှုံ့ဆော်သော ဖေ့စ်ဘုတ်ပို့စ်များကို ဖယ်ရှားသွားမည်

လာမည့်ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကို လှုံ့ဆော်သည့် မည်သည့်ပို့စ်ကိုမဆို ဖယ်ရှားရန်အတွက် မြန်မာအစိုးရက လူမှုကွန်ရက်ကြီး ဖေ့စ်ဘုတ်နှင့် လက်တွဲဆောင်ရွက်သွားမည်ဟု သြဂုတ်လ ၂၅ရက်က Channel News Asia သတင်းတစ်ရပ်က ဖော်ပြထားသည်။

နိုင်ငံနှင့်အဝန်းတွင် ဖေ့စ်ဘုတ်နှင့် မိုဘိုင်းဖုန်းအသုံးပြုသူများ တိုးတက်များပြားလာမှုကြောင့် စက်တင်ဘာ ၈ရက်တွင် စတင်မည့် မဲဆွယ်ကာလကစပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြသည့် ကာလအတွင်း အင်တာနက်သုံးစွဲသူအချို့က ဖေ့စ်ဘုတ်ကို အသုံးချ၍ မမှန်သတင်းများ ဖြန့်ဝေလာမည်ကို အာဏာပိုင်များက စိုးရိမ်ပူပန်လျှက်ရှိသည်ဟု ဆိုသည်။

‘၂၀၁၂နဲ့ ၂၀၁၃ခုနှစ်တွေမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဖေ့စ်ဘုတ်နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းခဲ့တယ်။ ဒါ့ကြောင့် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်တာမဟုတ်ဘဲ မဲဆွယ်ကာလအတွင်းမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေဖြစ်ပွားအောင် လှုံ့ဆော်မှုမှန်သမျှ၊ အမုန်းတရားပွားများစေတဲ့ အပြောအဆိုမှန်သမျှကို တားဆီးဖို့အတွက်ပဲ ရွေးကောက်ပွဲကာလအတွင်းမှာ ဖေ့စ်ဘုတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဦးမှာပါ’’ဟု မြန်မာပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်သုံးစွဲသူ ခန့်မှန်းခြေ ၅သန်းခန့်ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly