ဇာတိမြေရုပ်ရှင်သည် ရှစ်လေးလုံး အနှစ် ၃၀ပြည့်သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ်မည်ဟု ဦးဖြိုးမင်းသိန်းပြော

ဇာတိမြေရုပ်ရှင်သည် ရှစ်လေးလုံး အနှစ် ၃၀ပြည့်သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ်မည်ဟု ဦးဖြိုးမင်းသိန်းပြော
ဓာတ်ပုံ - Yangon Region Government

ရန်ကုန် ဖေဖော်ဝါရီ ၂၃ ရက် ။           ။ My Country My Home (ဇာတိမြေ)ရုပ်ရှင်ဇာတ်ကားသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ အနှစ် ၃၀ ပြည့်၊ အမှတ်တရသမိုင်း မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်ခဲ့လိမ့်မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ (မနေ့) ညပိုင်းက ရန် ကုန်မြို့၊သမ္မတရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့သည့် ဇာတိမြေ)ရုပ်ရှင် ဇာတ်ကား အထူးပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီထဲမှာ ကျွန်တော်တို့နဲ့ သက်တူရွယ်တူ ဖြတ် သန်းခဲ့တဲ့သူတွေ အားလုံးလည်း ဒီသမိုင်းမှာပါခဲ့ကြမှာ ဖြစ်ပါ တယ်၊ ဒါဟာ မြန်မာနိုင်ငံရဲ့ သမိုင်းတစ်ကွေ့၊ လှုပ်ရှားမှုတစ်ရပ်ပဲဖြစ်ပါတယ်၊ ဒီ လှုပ်ရှားမှုကို အခြေပြုထားတဲ့ အတွက် ဒီရုပ်ရှင်ကားဟာ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အနှစ် ၃၀ မှာအမှတ်တရ သမိုင်းမှတ်တိုင်တစ်ခု အဖြစ်နဲ့ တင်ကျန်ရစ်ခဲ့မှာပါ" ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ကြားခဲ့သည်။

ဂျပန် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ်ရိုက် ကူးထားသည့် "ဇာတိမြေ”ရုပ်ရှင်ဇာတ်ကားသည် Yamamoto Hiroshi ရေးသားသော ဇာတ်လမ်း ဖြစ်ပြီး၊ ဇာတ်ညွှန်း/ဒါရိုက်တာ - ကြည်ဖြူသျှင်နှင့်အတူ ဂျပန်ဒါရိုက်တာများ ပူးပေါင်း၍ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရိုက်ကူးထား သည်။ ဇာတ်လမ်းတွင် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီး၏ နောက်ဆက်တွဲ တိုင်းတစ်ပါးရောက် နိုင်ငံရေးသမားများ၏ ဘဝရပ်တည်မှုကိုလည်း ပုံဖော်တင်ဆက်ထားကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲမှုများအတွက် ပေးဆပ်ပြီး၊ လှုပ်ရှားခဲ့ကြသူများ များစွာရှိကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်ပြီး ပုံစံအမျိုးမျိုးဖြင့်ရောက်ရှိနေကြသူများမှာ မွေးရပ်မြေသို့ ပြန်ချင်သော်လည်း ပြန်မရောက်နိုင်ကြသူတို့ များစွာရှိကြောင်း၊ ယခုအခါ ယင်းလှုပ်ရှားမှု၏ နှစ် ၃၀ ပြည့်အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ် အမြှော်အမြင်ကြီးမားမှုနှင့် ပြည်သူလူထု၏ တစ်ခဲနက် မဲပေးရွေးချယ်မှုတို့ဖြင့် မြန်မာနိင်ငံသည် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ သည်။

My Country My Home (ဇာတိမြေ)ရုပ်ရှင်ဇာတ် ကားတွင် ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည်နှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြသည်။

အဆိုပါရုပ်ရှင် Preminer Show အထူးပြပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့်ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်များ၊ ၈၈မျိုးဆက်များ၊ ဂျပန်နိုင်ငံမှ ရုပ်ရှင်အနုပညာရှင် များ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly