ပရိသတ်ရန်ပွဲကို တားဆီးရင်း ရဲတစ်ဦးသေဆုံး

ပရိသတ်ရန်ပွဲကို တားဆီးရင်း ရဲတစ်ဦးသေဆုံး
 

 

ဘောလုံးပွဲတွေမှာ ပရိသတ်ချင်းခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် အရာဝတ္ထုတွေပျက်စီးဆုံးရှုံးရတာတွေအပြင် အသက်အန္တရာယ် ထိခိုက်ရတာတွေတောင် ရှိတတ်ပါတယ်။

အခုလည်း ဘောလုံးပွဲမတိုင်မီ နှစ်ဖက်ပရိသတ်တွေခိုက်ရန်ဖြစ်တာကြောင့် တာဝန်ကျရဲတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ လမ်းပေါ်မှာ လူအုပ်လိုက်ဖြစ်ပွားတဲ့ဒီရန်ပွဲမှာ မီးကျည်တွေလည်း တအုန်းအုန်းနဲ့ပါပဲ။

အဖြစ်အပျက်ကတော့ ဆမ်မာမီးကွင်းမှာ စပါးတပ်မော်စကိုအသင်းနဲ့ကစားမယ့် ဘီလ်ဘာအိုအသင်းရဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ် မတိုင်မီဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတစ်ဦးသေဆုံးခဲ့ရတာပါ။

အဲဒီရဲတပ်ဖွဲ့ဝင်ဟာ ရုတ်တရက်နှလုံးဖောက်ပြီးသေဆုံးခဲ့ရတာဖြစ်တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ ဒီပွဲစဉ်အတွက် ရဲအင်အား ၅၀၀ ဖြန့်ကျက်ထားခဲ့ပြီး အနည်းဆုံး ပရိသတ် ၅ ဦးလောက် ထိန်းသိမ်းခံခဲ့ရသလို ၅ ဦးလည်း ဆေးရုံရောက်ခဲ့ ပါတယ်။

ဒီပွဲကြည့်ဖို့ ရုရှပရိသတ်ရာဂဏန်းလောက်က ပွဲကြည့်လက်မှတ်မရှိဘဲ စပိန်ကိုရောက်လာခဲ့ပြီး ခရီးသွားခွင့်ပိတ်ခံထားရသူတွေ လည်းပါဝင်နိုင်တယ်လို့ Mirror သတင်းမှာဖော်ပြထားပါတယ်။

Ref; BBC & Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly