လိင်အရှုပ်တော်ပုံကြောင့် သြစတြေးလျ ဒုဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်

လိင်အရှုပ်တော်ပုံကြောင့် သြစတြေးလျ ဒုဝန်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်

ဖေဖော်ဝါရီ ၂၃ ။           ။ အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခဲ့သည် ဆိုသည့် စွဲချက်များနှင့် ကြုံတွေ့နေရလျက်ရှိသော သြစတြေးလျ ဒုဝန်ကြီးချုပ် ဖြစ်သူက ယခုအခါ ရာထူးကနေ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဖြစ်သည့် ဘာနဘီ ဂျိုက်စ်က ဖေဖော်ဝါရီ ၂၃ ရက်က ပြောကြားရာတွင် ၎င်းအနေဖြင့် အစိုးရအဖွဲ့ကနေ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း၊ သို့ရာတွင်လည်း ပါလီမန်အမတ်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ယင်းအတွက်ကြောင့်လည်း ဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူးလ် လွှတ်တော်အတွင်း နေရာတစ်နေရာဖြင့် အဓိကမဲအများစု ရထားသည့် အခြေအနေမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားရန် မရှိပေ။

ယခု ဖြစ်စဉ်တွင် ဒုဝန်ကြီးချုပ် ဂျိုက်စ်၏ လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခံထားခဲ့ရသည် ဆိုသည့် အမျိုးသမီး အမည်ကို တိတိကျကျ ထုတ်ဖော်ထားခြင်း မရှိပေ။

ယခုကဲ့သိ့ု ရာထူးကနေ နှုတ်ထွက်တော့မည့် သြစတြေးလျ ဒုဝန်ကြီးချုပ် ဂျိုက်စ်နှင့် ၎င်း၏ ပြန်ကြားရေး အတွင်းရေးမှူးဟောင်းတစ်ဦးတို့ လာမည့် ဧပြီလတွင် ကလေးတစ်ဦး ရလာတော့မည်ဆိုသည့် သတင်းများ ယခုလအစောပိုင်းက ထွက်ပေါ်ထားခဲ့ပြီးနောက် ဂျိုက်စ်အနေဖြင့် အကျပ်အတည်းများနှင့် တိုးမြင့်ရင်ဆိုင်နေခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly