နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သော အကြောင်းများ

နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သော အကြောင်းများ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

နှလုံးရောဂါတွင် ပုံစံမျိုးစုံရှိပြီးနှလုံးရောဂါဖြစ်ပွားစေနိုင်သော အကြောင်းများစွာရှိပါတယ်။ ၎င်းတို့ကိုပြောင်းလဲ၍မရသော အကြောင်းနှင့် ပြောင်းလဲ၍ရသောအကြောင်းဟူ၍ ၂ အုပ်စု ခွဲထားပါတယ်။

ပြောင်းလဲ၍ ရသောအကြောင်းများကိုသိရှိ ထားပါက နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်ပါလိမ့်မည်။

 ပြောင်းလဲ၍ မရသော နှလုံးရောဂါဖြစ်စေနိုင်သော အကြောင်းများ

အသက်

အသက်အရွယ်ကြီးလာခြင်းသည်နှလုံးရောဂါဖြစ်စေသော အကြောင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသက်ကြီးလာသည်နှင့်အမျှ နှလုံးကြွက်သားများထူလာကာ သွေးကြောများထူလာပြီး   နှလုံးညှစ်အားလျော့နည်းလာပါတယ်။ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကြောင့်သေဆုံးသူ လူနာ၏ ၅ပုံ၄ပုံသည် အသက်၆၅နှစ်အထက် ရှိသူများဖြစ်ပါ တယ်။

လူ့သက်တမ်းကိုပြောင်းလဲ၍ မရသော်လည်းကျန်းမာ ရေးနှင့်ညီညွှတ်သောအစားအသောက်နှင့် နေထိုင်မှုပုံစံသည် ခန္ဓာကိုယ်တွင်း အိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေနိုင်ပါတယ်။

အမျိုးသား၊အမျိုးသမီး

ယေဘူယျအားဖြင့်အမျိုးသားများသည်အမျိုးသမီးများတက်နှ လုံးရောဂါဖြစ်နှုန်းပိုများပါတယ်။ သို့သော်လည်းအမျိုးသမီး များသွေးဆုံးပြီးလျှင်နှလုံးရောဂါဖြစ်ပွားနှုန်းသည်အမျိုးသား များနှင့်အတူတူပင်ဖြစ်ပါတယ်။

မျိုးရိုးလိုက်ခြင်း

နှလုံးရောဂါမျိုးရိုးရှိသောသူသည် အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်ပွားနှုန်းပိုများပါတယ်။ မိသားစုထဲတွင်အ သက်၅၅နှစ်မတိုင်မီနှလုံးရောဂါဖြစ်ပါက သင့်တွင်နှလုံးရော ဂါဖြစ်နိုင်ပါတယ်။ ထို့ပြင်နှလုံးရောဂါကိုဖြစ်စေသော သွေးတိုး၊ ဆီးချိုနှင့် အဝလွန်ရောဂါများသည်လည်းမျိုးရိုးလိုက်သောရော ဂါများဖြစ်ပါတယ်။

ပြောင်းလဲ၍ရသောနှလုံးရောဂါဖြစ်စေနိုင်သောအကြောင်းများ

အဝလွန်ခြင်း

အဆီများသောအစားအစာများကို အလွန်အကျွံစားသုံးခြင်းသည် မသင့်လျော်ပါဘူး။ အဝလွန်ခြင်းသည်သွေးတွင်း အဆီဓာတ်ကို များစေပြီး သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါကို   ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းသည် နှလုံးရောဂါကိုဖြစ်စေ သောအခြားရောဂါများကိုဖြစ်စေပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ကို လူတိုင်းနီးပါးသိကြပါတယ်။ သို့သော်လည်းနှလုံးရောဂါဖြစ်ပွား နှုန်းကိုမြင့်တက်စေသည်ကိုလူအနည်းငယ်သာလျှင်သိကြပါ တယ်။ လေ့လာမှုများအရ ဆေးလိပ်သောက်ခြင်းသည် နှလုံးခုန် နှုန်းကိုမြန်စေပြီး သွေးကြောများကိုမာစေပါတယ်။ ထိုအခါနှလုံး ၏လှုပ်ရှားမှုကိုအခက်အခဲဖြစ်စေပါတယ်။ ထို့ပြင်ဆေးလိပ် သောက်ခြင်းသည်သွေးတိုးစေပြီး သွေးတိုးလူနာများတွင်လေ ဖြတ်နှုန်းကိုများစေပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

ကိုယ်လက်လှုပ်ရှားမှုနည်းသောသူများသည် ပုံမှန်အားကစား လုပ်သူများထက်နှလုံးရောဂါဖြစ်ပွားနှုန်းပိုများပါတယ်။ အားက စားပုံမှန်လုပ်ပါကကယ်လိုရီများကိုလောင်ကျွမ်းစေပြီးသွေးတွင်း ကိုလက်စထရောကို ထိန်းပေးပါတယ်။ ထို့ပြင်သွေးပေါင်ချိန်နှင့် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးပါတယ်။ အားကစားကို ဖြေးဖြေးနှင့် ပုံမှန်လုပ်သွားပါက နှလုံးကြွက်သားလုပ်ဆောင်မှုကို   ကောင်းမွန်စေပါတယ်။

သွေးတွင်းကိုလက်စထရောများခြင်း

ကိုလက်စထရောသည် အသည်းမှ ထုတ်သော အဆီတစ်မျိုးဖြစ်ပါ တယ်။ ကိုလက်စထရောကို ဆဲလ်အမြှေးပါးနှင့် ဟော်မုန်းတည် ဆောက်ရန်အသုံးပြုပါတယ်။ ထို့ပြင် အသား၊ ဥနှင့် နို့ထွက် ပစ္စည်း စသည့် အစားအစာမှလည်း ရရှိပါတယ်။

ဆီးချို

ဆီးချိုဝေဒနာရှင် ၆၅% သည်နှလုံးရောဂါကြောင့် သေဆုံးနေသည် ဟုခန့်မှန်းထားပါတယ်။ ဆီးချိုလူနာများတွင် သွေးတိုးနှင့် အဝလွန်ရောဂါများရှိနိုင်သောကြောင့် နှလုံးရောဂါနှင့်လေဖြတ်   နှုန်းမြင့်တက်နိုင်ပါတယ်။

နှလုံးရောဂါဖြစ်စေသော အကြောင်းများတွင် အများစုမှာပြောင်း လဲ၍ရသော အကြောင်းများဖြစ်ပါတယ်။

ထို့ကြောင့်ကျန်းမာရေး နှင့်ညီညွှတ်သောအစားအသောက်နှင့် နေထိုင်မှုပုံစံရှိခြင်းဖြင့် ကျန်းမာသော နှလုံးကိုပိုင်ဆိုင်နိုင်ပါတယ်။

ထို့ပြင်ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း စသောမကောင်းသောအ လေ့များကိုရှောင်ရှားသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly