ယူကေ လေကြောင်းပြပွဲတွင် ပျက်ကျသွားသည့် လေယာဉ်အပျက်အစီးများကို ဖယ်ရှားပြီးသော်လည်း နောက်ထပ်သေဆုံးသူ မတွေ့ရှိရ

ယူကေ လေကြောင်းပြပွဲတွင် ပျက်ကျသွားသည့် လေယာဉ်အပျက်အစီးများကို ဖယ်ရှားပြီးသော်လည်း နောက်ထပ်သေဆုံးသူ မတွေ့ရှိရ

လန်ဒန်၊ သြဂုတ်-၂၅ ။        ။ အဝေးပြေးလမ်းမပေါ် ပျက်ကျခဲ့သည့် ဂျက်လေယာဉ်အပျက်အစီးကို သြဂုတ်လ ၂၄ရက်နေ့က ဖယ်ရှားပြီးနောက်တွင်လည်း နောက်ထပ်သေဆုံးသူကို မတွေ့ရှိရကြောင်း အင်္ဂလန်ရဲက ပြောကြားခဲ့သည်။  

‘နောက်ထပ်သေဆုံးသူ ၁၁ယောက်လောက် ရှိနေဦးမယ်လို့ ကျွန်တော်တို့ ခန့်မှန်းခဲ့တယ်။ ဒါပေမယ့်လည်း နှံ့နှံ့စပ်စပ် မရှာဖွေရသေးခင်တော့ နောက်ထပ်သေဆုံးသူတွေ ရှိနေနိုင်သေးတယ်ဆိုတာ သတိထားရမယ်’’ဟု လက်ထောက်ရဲအရာရှိချုပ် စတိဗ် ဘယ်ရီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က အင်္ဂလန်အရှေ့တောင်ပိုင်း ရှိုးဟမ်လေဆိပ်တွင် ကျင်းပနေသည့် လေကြောင်းပြပွဲတွင် သရုပ်ပြပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းပင်ဖြစ်သည်။ လူစည်ကားသည့် အေ၂၇ လမ်းမကြီးပေါ်သို့ ပျက်ကျခဲ့ရာ လမ်းပေါ်တွင် မောင်းနှင်နေသည့် ကားမောင်း ၁၁ယောက် သေဆုံးခဲ့ရပြီး နောက်ထပ် အနည်းဆုံး လူ၁၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။  

သို့ရာတွင် ကံကြီးလှသည့် လေယာဉ်မှူးကိုမူ အပျက်အစီးများထဲမှ အသက်ရှင်လျှက် ဆွဲထုတ်နိုင်ခဲ့ကြသော်လည်း ဒဏ်ရာပြင်းထန်လှသောကြောင့် ကြာရှည်သတိလစ်နေမည့် ကိုမာရောဂါ ဝင်သွားခဲ့သည်ဟု ဆိုသည်။

ဂျက်လေယာဉ်အပျက်အစီးကို စစ်ဆေးရန်အတွက် ဖန်းဘိုရိုသို့ ပို့ဆောင်သွားမည်ဖြစ်သည်ဟု ဘယ်ရီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly