ပါကစ္စတန်မှာ အမျိုးသားအလှပြင်ဆိုင်လုပ်ငန်းတွေ ရေပန်းစားတွင်ကျယ်

ပါကစ္စတန်မှာ အမျိုးသားအလှပြင်ဆိုင်လုပ်ငန်းတွေ ရေပန်းစားတွင်ကျယ်

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၂ ။         ။ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်က အမျိုးသားတွေဟာ သူတို့ရဲ့ စတိုင်၊ ပုံစံတွေကို အလှပြုပြင်ကြတဲ့ အရေအတွက်ဟာ များပြားကြီးထွားလာနေပါတယ်။

အစ္စလာမ်မာဘတ်မြို့သားကြီးတွေဟာ ခြေသည်းလက်သည်း သန့်ရှင်းတောက်ပအောင် အလှပြင်ခြင်း၊ ဆားဝက်ခြံတွေ ဖယ်ရှားချေးချွတ်ခြင်းနဲ့ ကက်ကြေးညှပ်သံ နားဆင်လျက်က ကော်ဖီစုပ်သောက်ကာဖြင့် အမျိုးသားအလှပြင်ဆိုင်တွေဟာ လုပ်ငန်းတွင်ကျယ်နေပါတော့တယ်။

ပါကစ္စတန်နိုင်ငံဟာ ရှေးရိုးစွဲပြင်းထန်ပြီး အမျိုးသားတွေအနေနဲ့ ယောက်ကျားပီပီသသ ရှိတာကို တင်းတင်းကြပ်ကြပ် စောင့်ထိန်းကြသလို ခြိုးခြံချွေတာရပြီး ဟိတ်ဟန်လုပ် စတိုင်ထုတ်ခြင်းတွေကို ရှောင်ကြဉ်ကြရဖွယ် ရှိနေတဲ့ အယူအဆ ရှိထားပါတယ်။

ဒါပေမယ့် မြို့တော်အချက်အချာက စီးပွားရေးစွန့်ဦးတီထွင်သူတွေက ခေတ်သစ်တစ်ရပ်အသွင် ဖြစ်လာနေတဲ့ အမျိုးသားတွေ ရှိုးထုတ်ဟိတ်ဟန်လုပ်တဲ့ ခေတ်ရေစီးကြောင်း ဖြစ်တည်မှုကို ပစ်မှတ်ထားပြီး အမျိုးသားအလှပြင်ဆိုင်တွေ ဖွင့်လှစ်လာတော့တာပဲ ဖြစ်ပါတယ်။

Tauseeq Haider ဆိုသူဖွင့်လှစ်ထားတဲ့ အမျိုးသားအလှပြင်ဆိုင်ဟာ တစ်ခါလာရောက် အလှပြင်တာအတွက် အနည်းဆုံး ရူပီး ၁၄၀၀ (အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၆၀ ဒေါ်လာ) နဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။

“အမျိုးသားတွေအနေနဲ့လည်း ဖြီးလိမ်းပြင်ဆင်ဖို့ အခွင့်အရေး တန်းတူ ရှိနေတာပဲ။ ခေတ်တွေလည်း ပြောင်းနေပြီ မဟုတ်လား။ ဆံပင်ညှပ်ရုံသက်သက် မဟုတ်တော့ဘူး။”ဟု Haider က ပြောပါတယ်။

“အထက်တန်းစားတွေ၊ ဗျူရိုကရက်တွေဟာ မျက်နှာပြင်တာ၊ အနှိပ်ခံတာအပြင် လက်သည်းခြေသည်း တောက်ပြောင်သန့်ရှင်းအောင် ပြင်ဆင်တာတွေအတွက် ပြောရမှာ ရှက်မနေတော့ဘူး။ ကိုယ်တိုင် လိုလားစွာ လာရောက်ကြတာပဲ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags