အင်ဒိုနီးရှားမှာ မြေပြိုမှုကြောင့် ၅ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားမှာ မြေပြိုမှုကြောင့် ၅ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၂၂ ။          ။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ဖေဖော်ဝါရီ ၂၂ ရက်က မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ငါးဦး သေဆုံးပြီး အခြား ၁၅ ဦး ပျောက်ဆုံးနေလျက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျာဗားကျွန်းအလယ်ပိုင်း ဘရိစ် ဒေသက လှေခါးထစ် စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်းတစ်ခုမှာ ယခုလို မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေကတော့ စပါးစိုက်ခင်းတွေထဲမှာ အလုပ်လုပ်နေခဲ့တဲ့ တောင်သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

" မြေပြိုမှုကြောင့် စိုက်ခင်းတွေမှာ အလုပ်လုပ်နေခဲ့ကြတဲ့ တောင်သူတွေ ဖုံးလွှမ်းခံလိုက်ရပါတယ်" ဆိုပြီး သဘာဝဘေးသက်သာလျော့ပါးရေး အေဂျင်စီက ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပို ပူဝါဝို နူဂရိုဟိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ အဆိုပါ တောင်ကုန်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိခဲ့ပြီး ယခုအခါမှာ မြေပြိုမှုဖြစ်စဉ်နဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly