လိုက်ဘေးရီးယားသမ္မတသစ် ဂျော့ချ်ဝီယာကို ကြိုဆိုခဲ့ကြတဲ့ ဘောလုံးအကျော်အမော်များ

လိုက်ဘေးရီးယားသမ္မတသစ် ဂျော့ချ်ဝီယာကို ကြိုဆိုခဲ့ကြတဲ့ ဘောလုံးအကျော်အမော်များ
 

 

လိုက်ဘေးရီးယားသမ္မတသစ် ဂျော့ချ်ဝီယာကို ပြင်သစ်သမ္မတ မက်ခရွန်ကလက်ခံတွေ့ဆုံရာမှာ ဘောလုံးလောကရဲ့ ကျော်ကြား ထင်ရှားသူတွေတချို့လည်း ပါဝင်ခဲ့ကြပါတယ်။

လိုက်ဘေးရီးယားသမ္မတသစ် ဂျော့ချ်ဝီယာဟာ ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီး အေစီမီလန်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ မာဆေးစတဲ့ ကလပ်တွေမှာကစားခဲ့ဖူးသလို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ရရှိဖူးပါတယ်။

ပြင်သစ်နိုင်ငံကို လိုက်ဘေးရီးယားသမ္မတ ဂျော့ချ်ဝီယာရောက်ရှိလာချိန်မှာ အိုင်ဗရီကို့စ်၊ မာဆေးနဲ့ ချယ်လ်ဆီးကစားသမား ဟောင်း ဒရော့ဘာ၊ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုအပါအဝင် ဘောလုံးလောကရဲ့ထင်ရှားသူအချို့က ကြိုဆိုခဲ့ကြပါတယ်။

အာဖရိကကိုအားကစားနဲ့ြ့ပုပြင်ပြောင်းလဲရေးအစီအစဉ်မှာ အခြေခံလူငယ်စီမံကိန်းလုပ်ဆောင်ဖို့ ယူရို ၁၅ သန်း အသုံးပြုမယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ပြောဆိုခဲ့ပါတယ်။

ဒီအစီအစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ထောက်ပံ့မှုနဲ့အတူ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ၊ အာဖရိကဖွံ့ဖြိုးရေးဘဏ်တို့က ဦးဆောင်လုပ်ဆောင်ကြမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly