အိန္ဒိယ ကြက်သွန်စျေးနှုန်းကို မိုဒီအစိုးရကို မျက်ရည် ပင်လယ်ဝေစေမည်

အိန္ဒိယ ကြက်သွန်စျေးနှုန်းကို မိုဒီအစိုးရကို မျက်ရည် ပင်လယ်ဝေစေမည်

နယူးဒေလီ၊ သြဂုတ် - ၂၅ ။       ။ အိန္ဒိယမှ နိုင်ငံရေးသမားအများစုကို ငိုကြွေးအောင်လည်း လုပ်နိုင်သလို ယခု ဝန်ကြီးချုပ် နရင်ဒရာ မိုဒီအတွက် အဓိက စိုးရိမ်နေရသည့် နယ်ပယ်တစ်ခု အဖြစ်လည်းပေါ် ထွက်လာနေသည်မှာ ကြက်သွန်ပြဿနာပင်ဖြစ်သည်။

အိန္ဒိယ၏ အကြီးဆုံးကြက်သွန်ဈေးကွက်ဖြစ်သည့် မဟာရပ်ရှထရပြည်နယ်အတွင်းမှ လာဆယ်ဂါအုန်တွင် နှစ်နှစ်ဆက်တိုက် ထိုးတက်မြင့်မားလာနေခဲ့သည့် ကြက်သွန်ဈေးနှုန်းများကို သုံးသပ်ပြင်ဆင်ရန် အတွက် မိုဒီ၏ အစိုးရက သြဂုတ်လ ၂၄ရက်နေ့က အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

ဆင်းရဲသားသီးနှံဟု ခေါ်လေ့ရှိကြသည့် ကြက်သွန်ဈေးနှံများမှာ ကြက်သွန်ကို အဓိကထားစားသုံးရာ အိန္ဒိယနိုင်ငံတွင်မူ နိုင်ငံရေးအရ အကဲဆတ်သည့် ပြဿနာတစ်ရပ်ပင်ဖြစ်သည်။

လာဆယ်ဂါအုန်တွင် ကြက်သွန်လက်ကားဈေးနှုန်းမှာ ၂၀၀၃ခုနှစ်က ၁၀၀ကီလိုဂရမ်လျှင် ၄၄၆၁ရူပီးနှုန်းသာရှိခဲ့ရာမှာ ယခုနှစ်တွင် ၄၉၀၀ရူပီးနှုန်းအထိ ခုန်တက်သွားခဲ့သည်။

ဈေးနှုန်းကို ဇက်ခွံ့ထိန်းချုပ်ရန် အစိုးရက မြန်မြန်ဆန်ဆန် လှုပ်ရှားခြင်းမရှိဟု ဝေဖန်သံများ ထွက်ပေါ်နေချိန်တွင် အစိုးရက စက်တင်ဘာ၁၀ရက်မှစတင်ကာ အသီးအနှံတန်ချိန် ၁၀၀၀၀ တင်သွင်း မည်ဖြစ်ကြောင်း သြဂုတ်လ ၂၄ရက်နေ့က ကြေညာခဲ့သည်။

ထို့အပြင် ပြည်တွင်းဈေးကွက်တွင် ဖူလုံနေစေရန်အတွက် အစိုးရက ကြက်သွနန် ကြမ်းခင်းပို့ကုန်ဈေးနှုန်းကိုလည်း မြှင့်တင်ခဲ့သည်။ အိန္ဒိယတွင် ဟင်းချက်ရာတွင် အရသာအတွက်ရော၊ ဟင်းပွဲများပြင်ရာ တွင်ပါ ကြက်သွန်ကို စွယ်စုံအသုံးပြုကြသည်။

အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် နှစ်စဉ် ကြက်သွန်တန်ချိန် ၁၅သန်းခန့် စားသုံးပြီး ကြက်သွန်ဈေးနှုန်းများ တက်သွားပါက မီးဖိုချောင်အသုံးစရိတ်တွင် ကမောက်ကမများ ဖြစ်သွားတတ်သည်။

၁၉၈၀ခုနှစ်က အိန္ဒိယဝန်ကြီးချုပ်ဟောင်း အင်ဒီရာ ဂန္ဒီမှာ ကြက်သွန်ဈေးတက်သည့် ပြဿနာကို အကြောင်းပြု၍ အာဏာပြန်ရလာခဲ့သည်။ ၁၉၉၈ခုနှစ်ကလည်း မစ္စတာမိုဒီ၏ ဘီဂျေပီပါတီ ဦးဆောင်သည့်ဒေ လီပြည်နယ်အစိုးရမှာ ကြက်သွန်ဈေးနှုန်းကြောင့်ပင် အစိုးရအဖွဲ့ရုံးမှ ကန်ထုတ်ခံခဲ့ရဖူးသည်။   

မိုဒီ၏အစိုးရကမူ အချို့နေရာများတွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွားသွန်းပြီး၊ ကြက်သွန် အဓိကထုတ်လုပ်သည့် ပြည်နယ်များတွင် မိုးခေါင်သောကြောင့် ကြက်သွန်အထွက်နှုန်း လျော့ကျသဖြင့် ကြက်သွန်ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ကြက်သွန်ရာသီတွင် ကြက်သွန်အထွက်နှုန်းမှာ တန်ချိန် ၄၇၀၀၀၀ ကျဆင်းသွားခဲ့သည်။ ဈေးအတက်၍ ကြက်သွန်လှောင်ထားသည့် ကုန်သည်များကိုလည်း အစိုးရက ပြစ်တင်ရှုတ်ချသည်။

အိန္ဒယအနေဖြင့် ကြက်သွန်ပြဿနာကို ပို၍အလေးအနက်ထားသင့်ပြီး အာဏာပိုင်များအနေဖြင့်လည်း ပိုမိုကောင်းမွန်သော သိုလှောင်စနစ်များကို ရှာဖွေသင့်သည့်အပြင် ကြက်သွန်စိုက်ပျိုး သည့်ပြည်နယ်လေးငါးခုမှ သယ်ယူပို့ဆောင်ရေးကို တိုးတက်စေခြင်းဖြင့် ပိုမိုကောင်းမွန်စွာ ထောက်ပံ့နိုင်ရန် ကြိူးစားသင့်သည်ဟု လူမှုရေးနှင့် စီးပွားရေးပြောင်းလဲမှု အင်စတီကျုမှ လက်ထောက် ပါမောက္ခ ဒေါက်တာ အေဗွီ မန်ဂျူနာသာက ပြောကြားခဲ့သည်။

‘အဲဒီလိုမှမဟုတ်ရင်တော့ ကြက်သွန်ဇာတ်လမ်းက တစ်ပတ်ပြန်လည်လာမှာပဲ’’ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယမီဒီယာ၏ သတင်းပို့ချက်အရ သြဂုတ်လ ၂၂ရက်နေ့က ဓားပြများက ကာလတန်ဖိုး ရူပီး၅၀၀၀ရှိသည့် ၇၀၀ကီလိုဂရမ် ကြက်သွန်အိတ် ၁၆အိတ်ကို မဟာရပ်ရှထရ ကြက်သွန်ကုန်သည် တစ်ယောက်ထံမှ လုယက်သွားသောကြောင့် ကုန်သည်ခမျာ မျက်ရည်လည်ရွဲနှင့် ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly