သက်ငယ်မုဒိမ်းကျူးလွန်သူများကို သေဒဏ်ပေးနိုင်ရေးနှင့် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် လူထုလက်မှတ်ကောက်ခံ

သက်ငယ်မုဒိမ်းကျူးလွန်သူများကို သေဒဏ်ပေးနိုင်ရေးနှင့် ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် လူထုလက်မှတ်ကောက်ခံ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ဖေဖော်ဝါရီ ၂၁ ။           ။ သက်ငယ်မုဒိမ်း ကျူးလွန်သူများကို ဒေသဏ်အပြစ်ပေးနိုင်ရေးနှင့်ဥပဒေပြဋ္ဌန်းနိုင်ရေးအတွက် လူထု ထောက်ခံလက်မှတ် ကောက်ခံခြင်းကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဒေသခံအချို့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဦးဆောင်၍ ကောက်ခံလျှက်ရှိကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၉ရက်က စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့တို့တွင်လည်း ထပ်မံ၍ ထောက်ခံလက်မှတ်များရယူသွားမည်ဟု ဦးဆောင်သူများအနက်မှ တစ်ဦးဖြစ်သူ ဦးသန်းလွင်က ဆိုသည်။

"ဒီ လက်မှတ်ထိုးတွေ ရသလောက်ယူနေတယ်။ ရပ်ကွက်တွေ၊ကျေးရွာတွေအလိုက်ကောက်နေတာဆိုတော့ အရေအတွက် က မသိရသေးဘူး။"ဟု ဦးသန်းလွင်က ပြောသည်။

ကောက်ခံရရှိသည့်လက်မှတ်ထိုးများကို အစိုးရအဖွဲ့နှင့်လွှတ်တော်အသီးသီးသို့တင်ပြသွားမည်ဟု ၎င်းက ဆိုသည်။

မတ္တရာမြို့နယ်၊ဥဒိန်ကျေ းရွာအုပ်စု၊မြွေကူးတို့ဆိပ်ရွာတွင် ဖေဖော်ဝါရီ ၁၃ ရက်ကအသက်၂နှစ်၊၅လ အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက်၂၃ နှစ်အရွယ် ဖြိုးထက်အောင်ဆိုသူက အဓမ္မပြုကျင့်ပြီး သတ်ခဲ့ခြင်း ဖြစ်ခဲ့သည်။

ထိုသို့ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သက်ငယ်မုဒိမ်းမှုကျူးလွန်သူအားသေဒဏ်ပေးနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၈ ရက်ကလည်း မတ္တရာမြို့နယ်ဒေသခံ ထောင်ချီက ဆန္ဒပြ တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly