ကိုယ့်ကိုယ်ကို သတ်သေမှုနှစ်ခုမှာ လိင်မှုရေးရာဝဘ်ဆိုက် အက်ရှလေမက်ဒီဆန် ဖောက်ထွင်းခံမှုနှင့် ဆက်စပ်နေဖွယ်ရှိဟု ရဲကပြောကြား

ကိုယ့်ကိုယ်ကို သတ်သေမှုနှစ်ခုမှာ လိင်မှုရေးရာဝဘ်ဆိုက် အက်ရှလေမက်ဒီဆန် ဖောက်ထွင်းခံမှုနှင့် ဆက်စပ်နေဖွယ်ရှိဟု ရဲကပြောကြား

တိုရွန်တို၊ သြဂုတ်-၂၅ ။      ။ သြဂုတ်လ ၂၄ရက်နေ့က ကနေဒါရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိဖွယ် ကိုယ့်ကိုယ်ကို သတ်သေမှုနှစ်ခုမှာ လိင်မှုရေးရာဝဘ်ဆိုက် အက်ရှလေမက်ဒီဆန် (Ashley Madison)ဖောက်ထွင်းခံရပြီး အဖွဲ့ဝင်များ၏ အချက်အလက်များကို ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်နေဖွယ်ရှိသည်ဟု ဆိုသည်။

‘ဒီမနက်မှာပဲ အက်ရှလေမက်ဒီဆန် ဖောက်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှုနဲ့ ပတ်သက်နေတဲ့ အတည်မပြုနိုင်သေးတဲ့ ကိုယ့်ကိုယ်ကို သတ်သေမှု သတင်းပို့ချက်နှစ်ခုကို ရရှိခဲ့ပါ တယ်’’ဟု တိုရွန်တို ရဲဌာနမှူး ဘရိုက် အီဗင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 ကနေဒါအခြေစိုက် ဝဘ်ဆိုက်မျ အဖွဲ့ဝင် ၃၂သန်းထံမှ ခိုးယူထားသည့် အီးမေးများနှင့် အကောင့်အချက်အလက်များကို လူသိရှင်ကြားထုတ်ပြန် လိုက်မှုကဘေးထွက်ဆိုးကျိုး အနေဖြင့် ပြစ်မှုများကျူး လွန်ခြင်းဆီသို့ ဦးတည်နေသည်ဟု အီဗင်က ပြောကြားသည်။

၂၀၀၁ခုနှစ်က လိုင်းတင်လာခဲ့သည့် အက်ရှလေမက်ဒီဆန်မှာ ‘ဘဝတိုတိုမှာ လိင်အရသာခံစားစို့’’ဆိုသည့် ဆောင်ပုဒ်နှင့် လူသိများခဲ့သည်။ အိမ်ထောင်ရေးဘဝပြင်ပ လိင်မှုကိစ္စကို ရှာဖွေနေသူ အချင်းချင်း ကိုဆက်သွယ်ပေးသည့် ဝဘ်ဆိုက်ဖြစ်ပြီး Avid Life Media က ပိုင်ဆိုင်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ‘ဂယက်အဖွဲ့ (Impact Team)’ဟု ဖော်ထုတ်သိရှိရသည့် ဟက်ကာအုပ်စုတစ်စုက ကုမ္ပဏီ၏ ဆာဗာများထဲမှ ဖောက်ထွင်းခိုးယူထားသော အဖွဲ့ဝင်များ၏ အီးမေးနှင့် အကောင့်အချက်အလက်များကို လိုင်းတင်ဖွင့်ချခဲ့သည်။    

ဟက်ကာများက လျှို့ဝှက်ကွန်ပျူတာ source codeနှင့် ကော်ပိုရိတ်အီးမေးများပါဝင်သည့် ဒုတိယအသုတ်ကိုလည်း ဖွင့်ချခဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုများကိုလည်း ပြုလုပ်သွားဦးမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အက်ရှလေမက်ဒီဆန်နှင့် ၎င်း၏မိခင်ကုမ္ပဏီ Avid Life Media တို့မှာ သုံးစွဲသူများ၏ယုံကြည်မှုကို အလွဲသုံးစားလုပ်နေသည်ဟုလည်း ဟက်ကာများက စွပ်စွဲပြောကြားခဲ့သည်။

‘Avid Life Media ဟာ ဆေးစွဲသူတွေကို မတော်မတရားလုပ်နေတဲ့ ဆေးရောင်းသူလိုပါပဲ’ဟု ဟက်ကာများက ပြောကြားခဲ့သည်။

သို့ရာတွင် အက်ရှလေမက်ဒီဆန်မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်နေပြီး ကုမ္ပဏီဘက်မှာ ရာဇဝတ်မှုမြောက်သည့် မည်သည့်မသမာမှုမျှ  ကျူးလွန်ထားသည်ကို မတွေ့ရှိရကြောင်း အီဗင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly