တိုင်ဖွန်းဂိုနီ ဂျပန်ကျွန်းမကြီးကို ၀င်ရောက်တိုက်ခတ်

တိုင်ဖွန်းဂိုနီ ဂျပန်ကျွန်းမကြီးကို ၀င်ရောက်တိုက်ခတ်

တိုကျို၊ သြဂုတ် ၂၅ ။         ။ တိုင်ဖွန်းမုန်တိုင်ဂိုနီသည် သြဂုတ် ၂၅က ဂျပန်ကျွန်းမကြီးအတွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ၁၃ဦး အသေးစား ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရထားနှင့်လေကြောင်း ခရီးစဉ် များကို ထိခိုက်စေခဲ့သည်။ ဒေသခံ၁၀၀,၀၀၀ကျော်ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အစိုးရက အကြံပြုချက် ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်တွင် မြေပြိုမှုများနှင့် ရေကြီးမှုကြောင့် အနည်းဆုံးလူ ၂၆ဦးသေဆုံးစေခဲ့သော အားပြင်းသည့် ဂိုနီတိုင်ဖွန်းသည် နံနက် ၆နာရီခန့်က အနောက်တောင်ပိုင်းရှိ ကူမာမိုတိုစီရင်စုနယ်သို့ ဝင်ရောက် တိုက်ခတ်ခဲ့သည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားသည်။

လေတိုက်နှုန်း တစ်နာရီးလျင် ၁၉၈ကီလိုမီတာ(၁၂၃မိုင်)အထိရှိသော ဂိုနီသည် ဂျပန်၏ အဓိကကျွန်းကြီးလေးခုအနက် တစ်ခုဖြစ်သော ကျူရှူးကျွန်း၏ မြောက်ဘက်သို့ ရွေ့လျှားနေသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက အစီရင်ခံခဲ့သည်။ ထို့အပြင် လေပြင်းများ၊ ရေကြီးမှုများနှင့် လှိုင်းကြီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဒေသခံများကို သတိပေးခဲ့သည်။

လူ ၁၀၀,၀၀၀ကျော်အတွက် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရေးအကြံပြုချက်များကို မြောက်ပိုင်းကျူးရှူးကကျွန်းနှင့် ကျွန်းမကြီးဟွန်ရှူးပေါ်ရှိ အခြားစီရင်စုနယ်များမှ ဒေသခံအစိုးရများက ထုတ်ပြန်ခဲ့ကြောင်းနိုင်ငံ ပိုင်ရုပ်သံ NHK က ထုတ်လွှင့်ခဲ့သည်။ ရထားလိုင်းအများစုက လုပ်ငန်းရပ်ဆိုင်းထားသည့်အပြင် ဒေသခံလေဆိပ်များတွင် ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်းတို့ကို ဖျက်သိမ်းထားသည်။

ယင်းသို့ဖျက်သိမ်းမှုတွင် အဓိကမြို့ကြီး ဖူကူအိုကာနှင့် ဆိုးလ်နှင့် ရှန်ဟိုင်းအပါအဝင် ဒေသတွင်းမြို့ကြီးတို့ကြား ပျံသန်းမှုများပါဝင်သည်။

ဒေသစံတော်ချိန် နံနက် ၁၀နာခန့်က ကျူရှူးကျွန်းရှိ အိမ်ထောင်စု ၄၂၅,၀၀၀ခန့်မှာ လျပ်စစ်မီးများပြတ်တောက်ခဲ့သည်။သီတင်းပတ်အကုန်က ဂိုနီသည် ဖိလစ်ပိုင်မြောက်ပိုင်းကို ပြင်းထန်စွာတိုက်ခတ်ခဲ့ရာ အိမ်ခြေတစ်ထောင်နီးပါးပျက်စီးခဲ့ပြီး လူ ၁၂,၀၀၀ကျော်မှာ နေအိမ်မှ ထွက်ပြေးခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly