ဆိုင်ကလုန်းမုန်တိုင်း ဦးတည်လာနေခြင်းကြောင့် နယူးဇီလန်မှာ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထား

ဆိုင်ကလုန်းမုန်တိုင်း ဦးတည်လာနေခြင်းကြောင့် နယူးဇီလန်မှာ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထား

ဖေဖော်ဝါရီ ၂၀ ။            ။ ပစိဖိတ်ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်တဲ့ ဂီတ မုန်တိုင်းဟာ ယခုအခါ နယူးဇီလန်နိုင်ငံဆီ ဦးတည်ရွေ့လျားလာနေလျက်ရှိနေတာကြောင့် ယင်းနိုင်ငံမှာ မုန်တိုင်းအန္တရာယ်သတိပေးချက်တွေကို အရေးပေါ် ထုတ်ပြန်ထားရပါတယ်။

ဂီတာ မုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ်လို့ မျှော်လင့်ရတဲ့ ဧရိယာတွေမှာလည်း စစ်တပ်က တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ထားခဲ့ပါတယ်။

ခရစ်ချတ်ချ် မြို့မှာတော့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားရပြီး မုန်တိုင်းဟာ ဖေဖော်ဝါရီ ၂၀ ညနေခင်းမှာပဲ ယင်းနိုင်ငံကို ဝင်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ မြို့တော် ဝယ်လင်တန်မှာလည်း လေကြောင်းခရီးစဉ်တွေအားလုံးကို ဖျက်သိမ်းထားခဲ့ရကြောင်း သိရပါတယ်။

မုန်တိုင်းအန္တရာယ်ကြောင့် စာသင်ကျောင်းပေါင်း ၄၀ ကျော်ကို ပိတ်ထားရပြီး အဓိကလမ်းမကြီးတစ်ခုကိုပါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်ကတော့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ သတိပေးချက်တွေကိုလိုက်နာပြီး သတိဖြင့်ရှိနေကြဖို့ တိုက်တွန်းသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly