စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးရန်ပုံငွေရရန် အီရန်က လာမည့်နှစ်တွင်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုးရှိ ငွေစုစာချုပ်များ ထုတ်ရောင်းမည်

စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးရန်ပုံငွေရရန် အီရန်က လာမည့်နှစ်တွင်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုးရှိ ငွေစုစာချုပ်များ ထုတ်ရောင်းမည်

အီရန်နိုင်ငံတွင် အဓိကစွမ်းအင် ကဏ္ဍဖွံ့ဖြိုးရေးရန်ပုံငွေ အထောက်အပံ့ပြုရန်အတွက် လာမည့်နှစ်တွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ငွေစုစာချုပ်များ ထုတ်ရောင်းသွားရန် အစီအစဉ်ရှိကြောင်း မီဒီယာသတင်းတွင်ဖော်ပြသည်။

ပြည်တွင်းနှင့် နိုင်ငံခြားဘဏ်များမှ ရီယယ်နှင့် ယူရိုဖြင့် ရှိသည့် ငွေချေးစာချုပ်များလည်း ရောင်းချမည့်အထဲတွင် ပါဝင်သည်။ ယင်းသို့ရောင်းချမှုကို လာမည့် အီရန်ပြက္ခဒိန်နှစ်အစ (၂၀၁၆ မတ် ၂၁)တွင် စတင်မည်ဖြစ်သည်။

အဆိုပါရရှိရန်ပုံငွေကို တစ်နေ့လျှင် ရေနံစည် သုံသိန်းနှင့် သဘာဝဓာတ်ငွှေ့ ကျူဘစ်မီတာ ၄၈ ဒသမ ၆ သန်းထုတ်လုပ်မှုစွမ်းကို မြင့်တင်သွားရန်အတွ် အသုံးပြုသွားမည်ဖြစ်သည်။

အမေရိကန်က အီရန်အား အင်ဂျင်နီယားရင်းကဏ္ဍတွင် ရင်းနှီးမြုပ်မှုများကို ပိတ်ဆို့ဒဏ်ခတ်ထားသဖြင့် ယင်းသို့ရေနံကဏ္ဍဖွံ့ဖြိုးရေးကို မြင့်တင်ရန် လိုအပ်လျက်ရှိနေခြင်းဖြစ်သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly