ဖေဖော်ဝါရီ ၂၀၊ မက်ဒရစ်။ ။ စပိန်မှဒိုင်အားလုံး မိမိကိုမုန်းတီးနေပြီး အပြစ်ပေးရန်စိတ်အားထက်သန်နေကြသည်ဟု ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒီယေဂို ကော်စတာက ပြောဆိုလိုက်သည်။
အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးသည် စတမ်းဖို့ဒ်ဘရစ်ချ်မှ အသင်းဟောင်းထံပြန်ပြောင်းလာပြီးနောက် ပြီးခဲ့သည့်လမှ စတင်ကာ ဘောလုံးကွင်းအတွင်း ပြန်လည်ခြေချနိုင်ခဲ့သည်။
သို့သော် ၈ ပွဲကစား ၄ ဂိုးသွင်းထားသည့် စပိန်လက်ရွေးစင်တိုက်စစ်မှူးမှာ ဒုတိယမြောက်ပွဲတွင် ထုတ်ပယ်ခံခဲ့ရသကဲ့သို့ တနင်္ဂနွေနေ့တွင် ဘီလ်ဘာအိုကို ၂-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲ၌လည်း အနီကတ်ပြခံခဲ့ရသည်။
ပြိုင်ဘက်ကစားသမားနူနက်ဇ်၏ ဖျက်ထုတ်မှုမှာလည်း ပင်နယ်တီပေးရန်ငြင်းပယ်ခံခဲ့ရသည်။ ကော်စတာက “ဒိုင်တွေက ကျွန်တော့်ကိုမုန်းတီးနေကြပြီး ကျွန်တော်လည်းဘာမှမတတ်နိုင်တဲ့ကိစ္စပါ။
တချို့ကအသေးအဖွဲလေးတွေအတွက် ကျွန်တော့်ကို သတိပေးကတ်ပြားပြကြပြီး တချို့ကျတော့ အကျိုးအကြောင်းမယ်မယ်ရရ မရှိဘဲ ပြကြတယ်။
ဒီအဖြစ်အပျက်တွေကိုပြန်ကြည့်ပြီးသုံးသပ်ရင် ကျွန်တော်မတရားခံရတာကိုတွေ့နိုင်ပေမယ့် ကျွန်တော်ဘယ်လိုမှပြန်မတုန့်ပြန် နိုင်တဲ့ ကိစ္စတွေပါ။
ပင်နယ်တီလည်းရခဲ့သင့်တယ်။ ကျွန်တော် ဂိုးသွင်းဖို့ကြိုးစားချိန်မှာ ဟန်ချက်ပျက်အောင်လို့ နောက်တန်းလူက ကန်တာကို ခံခဲ့ရတာလေ”ဟု AS သတင်းစာသို့ပြောသည်။
Ref; Mirror