ကမ္ဘာပေါ်မှာ မက္ကဆီကိုနိုင်ငံတစ်နိုင်ငံတည်းမှာပဲ တွေ့ရမယ့် တရုတ်ပိုင်မဟုတ်တဲ့ ပန်ဒါနှစ်ကောင်

ကမ္ဘာပေါ်မှာ မက္ကဆီကိုနိုင်ငံတစ်နိုင်ငံတည်းမှာပဲ တွေ့ရမယ့် တရုတ်ပိုင်မဟုတ်တဲ့ ပန်ဒါနှစ်ကောင်

ဖေဖော်ဝါရီ ၂၀ ။            ။ ကမ္ဘာပေါ်က ပန်ဒါဝက်ဝံ အားလုံးနီးပါးလောက်ကို တရုတ်အစိုးရက ပိုင်ဆိုင်ထားပါတယ်။ ဒ့ါအပြင် လက်ရှိ ပန်ဒါတွေကနေ အနာဂတ်ကာလမှာ ထပ်မံမွေးဖွားပေးလာဦးမယ့် မျိုးဆက်သစ်ပန်ဒါလေးတွေကိုလည်း တရုတ်တို့ပဲ ထပ်မံ ပိုင်ဆိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယနေ့အချိန်မှာ ကမ္ဘာပေါ်မှာ တရုတ်ပိုင်မဟုတ်တဲ့ ပန်ဒါဝက်ဝံနှစ်ကောင်လည်း ရှိနေပါသေးတယ်။

ယင်းတို့ကတော့ မက္ကဆီကိုနိုင်ငံက ရှင်းရှင်းနဲ့ ရွှမ်ရွှမ် အမည်ရ ပန်ဒါဝက်ဝံနှစ်ကောင် ဖြစ်ပါတယ်။ ယင်း ပန်ဒါနှစ်ကောင်ကတော့ ရှားရှားပါးပါးပဲ ကမ္ဘာပေါ်မှာ တရုတ်ပိုင်မဟုတ်ဘဲ မက္ကဆီကိုပိုင် ပန်ဒါတွေ ဖြစ်ကြပါတယ်။

ယင်း ပန်ဒါနှစ်ကောက်ကတော့ လက်ရှိအချိန်မှာ မက္ကဆီကိုမြို့တော်မှာရှိတဲ့ ချာပူလ်တီပက် တိရိစ္ဆာန်ရုံမှာ နေထိုင်နေကြလျက် ရှိပါတယ်။

ဒါပေမယ့် ခုဆိုရင်တော့ ပန်ဒါဝက်ဝံနှစ်ကောင်ဖြစ်တဲ့ ရှင်းရှင်းနဲ့ ရွှမ်ရွှမ် တို့ဟာလည်း တစ်ဖြည်းဖြည်းနဲ့တော့ အသက်အရွယ်တွေ ရလာခဲ့ပြီ ဖြစ်ပါတယ်။

ပန်ဒါဝက်ဝံလေး ရှင်းရှင်း ဆိုရင် ခုချိန်မှာ အသက်က ၂၇ နှစ်ရှိပြီ ဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်ကတော့ ၁၀၂ ကီလို (၂၂၅ ပေါင်) ရှိနေပြီ ဖြစ်ပါတယ်။ နောက်တစ်ကောင် ဖြစ်တဲ့ ရွှမ်ရွှမ် ဆိုရင်လည်း အသက် ၃၀ ၊ အလေးချိန် ၁၁၄ ကီလို ရှိနေပြီဖြစ်ပါတယ်။

ယင်းပန်ဒါနှစ်ကောင်ကတော့ လွန်ခဲ့တဲ့ ၁၉၇၀ လောက်တုန်းက မက္ကဆီကိုထံ တရုတ်ကနေ ရောက်လာခဲ့တဲ့ ပန်ဒါစုံတွဲကနေ အဆင့်ဆင့် ပေါက်ဖွားလာကြတဲ့ မျိုးဆက်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ယင်း ၁၉၇၀ နောက်ပိုင်းကျမှသာ တရုတ်တို့ဘက်က အားလုံးသော ပန်ဒါတွေနဲ့ ယင်းတို့ရဲ့ သားသမီးတွေကို ပိုင်ဆိုင်တယ်ဆိုတဲ့ မူဝါဒ ထွက်ပေါ်လာတာဖြစ်ပါတယ်။

သူတို့နှစ်ကောင်ကတော့ တကယ်တမ်းမှာ အမျိုးတော်နေတယ်ဆိုပေမယ့် သီးခြားလှောင်အိမ်တွေနဲ့ ထားပေးရတယ်လို့ သိရပါတယ်။ ယင်းပန်ဒါတွေဟာ တစ်ကိုယ်တည်းနေတတ်တဲ့ တိရိစ္ဆာန်တွေဖြစ်ကြတာကြောင့် အတူထားလိုက်မယ်ဆိုရင်တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နိုင်တဲ့အတွက် ခုလို ခွဲထားရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ ရှင်းရှင်းနဲ့ ရွှမ်ရွှမ် ပန်ဒါနှစ်ကောင်ကလွဲရင် ကမ္ဘာပေါ်က ကျန်ပန်ဒါတွေအားလုံးကို တရုတ်ပိုင်အဖြစ် သတ်မှတ်လက်ခံထားရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags