နှစ်နိုင်ငံ ပြန်လည် စေ့စပ်ညှိနှိုင်းသွားဖို့ မာဒူရိုက တွစ်တာကနေတဆင့် ဒေါ်နယ်ထရမ့်ကို လှမ်းပြော

နှစ်နိုင်ငံ ပြန်လည် စေ့စပ်ညှိနှိုင်းသွားဖို့ မာဒူရိုက တွစ်တာကနေတဆင့် ဒေါ်နယ်ထရမ့်ကို လှမ်းပြော

 

ဖေဖော်ဝါရီ ၂၀ ။                           ။ နှစ်နိုင်ငံအကြား စေ့စပ်ဆွေးနွေးမှုတွေ ပြန်လည်လုပ်ဆောင်သွားဖို့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းပြောကြားလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက အထက်ပါအဆိုပြုချက်ကို ဒေါ်နယ်ထရမ့် အကြိုက်သုံးနေလျက်တဲ့ တွစ်တာပေါ်ကနေတဆင့် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

" တစ်ခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ရေး ဆိုတဲ့ မူဝါဒကို အားပေးပါ့မယ်ဆိုပြီး သမ္မတ ထရမ့်ကိုယ်တိုင် ကတိပေးထားခဲ့တယ်လေ၊ ခု ခင်ဗျားရဲ့ အဲဒီကတိအတိုင်း လုပ်ဖို့ အချိန်တန်နေပြီ" ဆိုပြီး မာဒူရိုက တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

နှစ်ဘက်တာဝန်ရှိသူတွေအနေနဲ့ ဝါရှင်တန် ဒါမှမဟုတ် ကာရာကက်စ်မှာ အစည်းအဝေးတစ်ခု ပြုလုပ်သွားဖို့ မာဒူရိုက ထရမ့်ကို တိုက်တွန်းသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကာလတုန်းကတော့ အမေရိကန်တို့အနေနဲ့ ကိုလံဘီယာကနေတဆင့် ဗင်နီဇွဲလားနိုင်ငံထဲကို စစ်ရေးအရ ကျူးကျော်ဖို စီစဉ်ထားခဲ့သေးတယ်ဆိုပြီး မာဒူရိုအပါအဝင် ဗင်နီဇွဲလား အကြီးတန်းအရာရှိကြီးတွေက စွပ်စွဲထားခဲ့ပါတယ်။

" ဗင်နီဇွဲလားလိုမျိုး အေးအေးချမ်းချမ်း ရှိနေတဲ့ နိုင်ငံမျိုးကိုမှ ဒီလို စစ်ရေးကျူးကျော်မှုတွေ လုပ်ချင်နေတဲ့ အစီအစဉ်တွေ ရှိတယ်လို့ သိထားပါတယ်" ဆိုပြီး ဗင်နီဇွဲလား ရှေ့နေချုပ် တာရက်ခ် ဝီလီယံ ဆက်ဘ်က ပြောကြားထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ကာလအတွင်းမှာတော့ အဆိုပါ နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာမှုတွေ ရှိနေခဲ့ပြီး အမေရိကန်တို့ဘက်က ဗင်နီဇွဲလားအပေါ် ဘဏ္ဍာရေးပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly