ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်းလမ်းသစ် ဖောက်ရန် ဆုံးဖြတ်မည်

ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်းလမ်းသစ် ဖောက်ရန် ဆုံးဖြတ်မည်

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ကုန်းလမ်းအသစ် ဖောက်လုပ်ရန် အတည်ပြုနိုင်ရေး အဆင်သင့်ဖြစ်နေပြီဟု သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားစီးပွားရေးကောင်စီ၏ ဗဟိုဦးစီးကော်မတီအနေဖြင့် သြဂုတ် ၂၅ ရက် ဝန်ကြီးချုပ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် အစည်းအဝေး၌ အတည်ပြုဖွယ်ရှိသည်ဟု စီမံကိန်းရေးဆွဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးကပြောသည်။

 

အဆိုပါ လမ်းသစ်စီမံကိန်းသည် ကန်ဒေါ်လာ ၇ သန်းဝန်းကျင်နှင့်ညီမျှသည့် ဘင်္ဂလားဒေ့ရှ်ငွေကြေး တာကာ သန်း ၅၄၀ ကုန်ကျခံမည်ဖြစ်သည်။

 

လမ်းသစ်သည် နိုင်ငံအရှေ့တောင်ပိုင်း တောင်ထူထပ်သည့် ခရိုင်နှစ်ခုကို ဖြတ်သွားမည် ဖြစ်သည်။ မြို့တော် ဒါကာမှ ၂၉၂ ကီလိုမီတာဝေးသည့် Cox’s Bazaar နှင့် မြို့တော်ဒါကာမှ အရှေ့တောင် ကီလိုမီတာ ၃၁၆ ဝေးပြီး နိုင်ငံ၏ မြန်မာနှင့်နယ်စပ် Bandarban ခရိုင်သို့ကို ဖြတ်ဖောက်မည်ဖြစ်သည်။

 

လမ်းသစ်စီမံကိန်းကို ယခုနှစ် ဧပြီလအတွင်း စတင်နိုင်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လမကုန်မီ အပြီးသတ်နိုင်မည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။

 

အဆိုပြု လမ်းမအသစ် စီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုဖွံ့ဖြိုးရေးသာမက တရုတ်နိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ကုန်သွယ်ကူးသန်းနိုင်ရေးအတွက်လည်း ရည်ရွယ်ထားသည်။

 

တရုတ်နိုင်ငံကလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကိုဖြတ်ပြီး ၎င်း၏ ယူနန်ပြည်နယ် ကူမင်းမြို့မှ အိန္ဒိယနိုင်ငံ ကာလ်ကတ္တားသို့ အမြန်မီးရထားလမ်းဖောက်လုပ်ရန် ဆန္ဒရှိနေသည်။

 

မြန်မာနိုင်ငံသည် Bangladesh-China-India-Myanmar (BCIM) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစုအဖွဲ့တွင် ပါဝင်သည်။

 

Ref; Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly