ပေ့ါဂ်ဘာအခြေအနေကို မသိဘူးလို့ ဆိုလိုက်တဲ့ မော်ရင်ဟို

ပေ့ါဂ်ဘာအခြေအနေကို မသိဘူးလို့ ဆိုလိုက်တဲ့ မော်ရင်ဟို

ဖေဖော်ဝါရီ ၁၉၊ အင်္ဂလန် ။             ။ ဆီဗီလာနဲ့ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ရက်ရှ်ဖို့၊ ဗလင်စီယာ၊ ဟာရဲရားတို့ ကစားသမားစာရင်းမှာ ပါဝင်မှာ သေချာပေမယ့် ပေါ့ဂ်ဘာရဲ့ အခြေအနေကိုတော့ မသိသေးဘူးလို့ မန်ယူနည်းပြ မော်ရင်ဟိုက ဆိုလိုက်ပါတယ်။

ပေါ့ဂ်ဘာဟာ ဟက်ဒါဖီးလ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အလွန်အမင်းဖျားနေတယ်ဆိုပြီး မပါဝင်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ပေါ့ဂ်ဘာဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း မော်ရင်ဟိုကတော့ ပေါ့ဂ်ဘာအခြေအနေမသိဘူးလို့ ဆိုပါတယ်။

ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ အရန်ခုံ ၂ ပွဲထိုင်ခဲ့ရပြီး ခြေစွမ်းကျဆင်းနေခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ရီးယဲလ်နဲ့ အပြောင်းအရွှေ့ကောလာဟလ သတင်းတွေထွက်လာပါတယ်။ ဒါ့အပြင် ပေါ့ဂ်ဘာနဲ့ မော်ရင်ဟိုတို့ အခြေအတင်ဖြစ်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

မော်ရင်ဟိုဘက်ကတော့ သူတို့နှစ်ဦး စကားများခဲ့တယ်ဆိုတဲ့သတင်းကို ငြင်းဆိုထားပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly