စစ်မှုထမ်းတော့မည့် G-Dragon ကို နှုတ်ဆက်လိုက်သည့် CL

စစ်မှုထမ်းတော့မည့် G-Dragon ကို နှုတ်ဆက်လိုက်သည့် CL

 

တောင်ကိုရီးယားဂီတအဖွဲ့ BIGBANG မှ အဖွဲ့ဝင်ဖြစ်သူ ရက်ပ်အဆိုတော် G-Dragon သည် မကြာမီရက်ပိုင်း အတွင်း စစ်မှုထမ်းတော့မည်ဖြစ်ပြီး သူ့ကို နာမည်ကျော်ပေါ့ပ်ဂီတအဖွဲ့ 2NE1၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ အဆိုတော် CL က နှုတ်ဆက်စကားပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် CL သည် G-Dragon နှင့်အတူ တွဲရိုက်ထားသော သူမ၏ဓာတ်ပုံအား အင်စတာဂရမ်ပေါ်သို့တင်ခဲ့ပြီး “ကျွန်မကတော့ ရှင့်ဆီကိုလာလည်မှာမဟုတ်ပါဘူး။ ဒါကြောင့်စိုးရိမ်မနေပါနဲ့”ဟု ဟာသနှော၍ စာရေးသားခဲ့သည်။

G-Dragon သည် လာမည့်ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် စစ်မှုထမ်းရန်စာရင်းပေးတော့မည်ဖြစ်ပြီး BIGBANG မှ နောက်ထပ်အဆိုတော်တစ်ဦးဖြစ်သူ တေးယန်မှာလည်း လာမည့်မတ်လ ၁၂ ရက်နေ့တွင် စစ်မှုထမ်းတော့ မည်ဟု သိရသည်။

Ref: Soompi

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly