ဆန္ဒပြပွဲများကြောင့် အဖမ်းခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူဒါဇင်ပေါင်းများစွာကို ဆူဒန်ပြန်လွှတ်ပေး

ဆန္ဒပြပွဲများကြောင့် အဖမ်းခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူဒါဇင်ပေါင်းများစွာကို ဆူဒန်ပြန်လွှတ်ပေး

ကာ့တ်တိုအမ်၊ ဆူဒန်၊ ဖေဖေါ်ဝါရီ ၁၉ ။                ။ ဆူဒန်နိုင်ငံ၌ ကုန်ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ပြီးခဲ့သောလကဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများကို တာဝန်ရှိသူ များကဖြိုခွင်းခဲ့မှုအတွင်း အဖမ်းခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ပြည်သူဒါဇင်ပေါင်းများစွာကို ဆူဒန်အစိုးရက တနင်္ဂနွေနေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ပြန်လွတ်လာသည့် အဖမ်းခံခဲ့ရသူများထဲ၌ ထိပ်သီးအတိုက်အခံများလည်းပါဝင်ပြီး ဆူဒန်အစိုးရ၏ ယခုလို ဖမ်းဆီးမှုနှင့်ပက်သက်၍ စိုးရိမ်မကင်းဖြစ်မိကာ ဖမ်းဆီးခံရသူအချို့သည် လူမဆန်သောအခြေအနေများနှင့် ကြုံတွေ့နေရကြောင်း အမေရိကန်အစိုးရက ပြောဆိုခဲ့ပြီးနောက် သုံးရက်အကြာတွင် ယခုလို ပြန်လွှတ်ခြင်းဖြစ် သည်။

ကာ့တ်တိုအမ်မြို့မြောက်ပိုင်းရှိ ခိုဘာအကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သော တက်ကြွလှုပ်ရှားသူများက “လွတ်လပ်မှု၊ တရားမျှတမှု၊ တော်လှန်ရေး” ဟု အသီးသီးကြွေးကြော်ခဲ့ကြသည်ဟု သတင်းထောက်များက ဆိုခဲ့သည်။ သူတို့အား လာရောက်စောင့်ဆိုင်းနေကြသော မိသားစုဝင်များက ပွေ့ဖက်နှုတ်ဆက်ခဲ့ကြသည်။

“သမ္မတအိုမာအယ်လ်ဘာရှာရဲ့ အမိန့်အရ ဖမ်းဆီးခံရသူများအားလုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု ဘာရှာ၏ အကြီးတန်းလက်ထောက်တစ်ဦးဖြစ်သူ အက်ဘ်ဒယ်ရာမန်အယ်လ်ဆာဒစ်က ဆိုခဲ့သည်။

ပြီးခဲ့သောကြာသာပတေးန့တွင် အမေရိကန်သံရုံးက ဆူဒန်နိုင်ငံအတွင်းရှိ ဆန္ဒပြပွဲများကြောင့် ရာနှင့်ချီသော နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သာမန်အရပ်သားများသည် ဆူဒန်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု ပြောဆိုခဲ့သည်။

ဒါ့အပြင် အဖမ်းခံခဲ့ရသူများသည် လူမဆန်သောအခြေအနေများနှင့် ရင်ဆိုင်နေရပြီး ရှေ့နေများ၊ မိသားစုဝင် များနှင့် တွေ့ဆုံခွင့်မရှိကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ပြန်လွတ်လာသော တက်ကြွလှုပ်ရှားသူများက ၎င်းတို့သည် နိုင်ငံအတွင်းရှိ နိုင်ငံရေးအခြေအနေကြောင့် ပြန်လည်လွတ်မြောက်လာဖို့ မျှော်လင့်နေခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly