မော်တော်ယာဉ်များတွင် ရောင်ပြန် LED မီးလုံးတပ်ဆင်၍ မောင်းနှင်ခြင်းကို မြန်မာနိုင်ငံ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မည်

မော်တော်ယာဉ်များတွင် ရောင်ပြန် LED မီးလုံးတပ်ဆင်၍ မောင်းနှင်ခြင်းကို မြန်မာနိုင်ငံ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မည်
စည်းကမ်း မလိုက်နာသည့် ယာဉ်မာျးကို အရေးယူနေသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - မဇ္စျိမ

ရန်ကုန်၊ သြဂုတ် ၂၅ ။         ။ ကုန်လမ်းပို့ဆောင်ရေး  ညွှန်ကြားမှု ဦးစီးဌာန (ကညန) သည် မော်တော်ယာဉ်များ၏  နံပါတ်ပြား အပေါ်တွင် ရောင်ပြန် LED မီးလုံးတပ်ဆင်၍ မောင်းနှင်သည့်  ကိစ္စကို အလေးထားဆောင်ရွက်ရန် မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ် ဖွဲ့နှင့် ညှိုနှိုင်း၍ ဆောင်ရွက်မည်  ဖြစ်ကြောင်း ရထားပို့ဆောင်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးချန်မောင်က ဖြေကြားသည်။

၎င်းက သြဂုတ် ၂၄ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ် အက္ခရာ နံပါတ်ပြားများ တပ်ဆင်ခြင်းသည် ယင်းနံပါတ်ပြားအား မှတ်မိလွယ်၊ မှတ်သား၍ လွယ်အောင် ဖြစ်ကြောင်းနှင့် နံပါတ်ပြားအပေါ်တွင်  ကနဦးတွင် မပါသည့်  ရောင်ပြန် LED မီးလုံးလေးများ တပ်ဆင်ထား သည့်အခါ၌ နံပါတ်ပြားကို မမြင်ရခြင်းကြောင့် မူလအတိုင်းမရှိသည့် နံပါတ်ပြား တပ်ဆင်မှုအတွက် အရေးယူမှု ပါတ်သက်၍  ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒ ကျော်စွာက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒု - ဝန်ကြီး ဦးချန်မောင်က `` ကျွန်တော်တို့ဆီ လာတာ တစ်နှစ်မှာ ၃၆၅ ရက်ရှိတာ တစ်ရက်ပဲလာတယ်။ ကျန်တဲ့ ၃၆၄ ရက်က လမ်းပေါ်မှာ ရှိတဲ့ ကိစ္စဖြစ်ပါတယ်။  ခုနက ပြောတဲ့ဟာတွေကို ပိုပြီးတော့ အလေးထား ဆောင်ရွက်ဖို့ကိစ္စကိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံယာဉ်ထိန်း ရဲတပ်ဖွဲ့နဲ့ ညှိုနှိုင်းပြီးတော့  ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်လို့ ဖြေကြားအပ်ပါတယ် ´´  ဟု  ပြောသည်။
 
ကညန တွင် မော်တော်ယာဉ်များအား ကနဦးမှတ်ပုံတင်သည့်အခါ၌ အဆိုပါ ယာဉ်၏ ရှေ့ နောက်နှင့် ဝဲယာ များတွင် ဓာတ်ပုံသုံးပုံနှင့်မှတ်တမ်းတင်ထားကြောင်း နှင့် အဆိုပါယာဉ်အား သက်တမ်းတိုးလာ သည့် အချိန်တွင် မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများ နှင့် တိုက်ဆိုင် စစ်ဆေးကြောင်း ၊ အချို့ပုံသဏ္ဍန်မတူသည့်  အရာများကို ပြန်၍ ပြင်ခိုင်းကြောင်း ၊  ယခု မေးမြန်းသည့် မေးခွန်းနှင့် ပတ်သက်၍ လည်း  ရံဖန်ရံခါ တွေ့ရတတ်သည့် အတွက်  ကညနထံသို့ သက်တမ်းတိုးရာ၌ မူလအတိုင်းမရှိသည့် နံပါတ်ပြား  ပါရှိခဲ့လျင် နံပါတ်ပြားကိုဖြုတ်၍ ယခင် ကညနက ပေးထားသည့် နံပါတ်ပြားကိုပြန်၍ တပ်ဆင်ပြီးမှသာ  ယာဉ်လိုင်စင် သက်တမ်းတိုးမှတ် ဆောင်ရွက်ပေးကြောင်းလည်း ဒုဝန်ကြီးက ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly