မြန်မာစျေးကွက်ကို ထိုးဖောက်ဝင်ရောက် လာတော့မယ့် TECNO Mobile

မြန်မာစျေးကွက်ကို ထိုးဖောက်ဝင်ရောက် လာတော့မယ့် TECNO Mobile

(သုံးစွဲသူများအတွက် ထူးခြားတဲ့ အတွေ့အကြုံသစ်တွေ ယူဆောင်လာမည်လား)

TECNO Mobile ဆိုတာကတော့ ဟောင်ကောင်ခြေစိုက် Transsion Holdings ၏ ပရီမီယမ် မိုဘိုင်းဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အာဖရိက ဈေးကွက်တွင်းမှာ Dual-SIM ဟန်းဆက်များကို ပထမဆုံး ထုတ်လုပ်ရောင်းချ ပေးခဲ့တဲ့ Brand တစ်ခု ဖြစ်ပါတယ်။

TECNO Mobile ဟာ ၎င်းတို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Think Globally, Act Locally“ ဆိုသည့်အတိုင်း ဈေးကွက်နဲ့အလိုက် ကိုက်ညီမှုရှိအောင် ဖန်တီးထုတ်လုပ်ထားတဲ့ နည်းပညာမြင့် စမတ်ဖုန်းများကို ထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ TECNO ဟာ ၎င်းတို့ရဲ့ထုတ်ကုန်တွေကို နိုင်ငံပေါင်း (၄၀)ကျော်မှာ ဖြန့်ဖြူး ရောင်းချနေပါတယ်။ Smartphones ၊ Tablets နှင့် အထူးထုတ် Feature Phones စတဲ့ ထုတ်ကုန်တွေကိုလည်း ချိုသာတဲ့ဈေးနှုုန်းတွေနဲ့ ရောင်းချပေးလျက် ရှိပါတယ်။

(၂၀၁၆) ခုနှစ်၊ နိုဝင်ဘာ (၃၀) ရက်နေ့မှာ TECNO Mobile ဟာ အင်္ဂလိပ် ပရီးမီးယားလိဂ်၏ ထိပ်တန်းအသင်း တစ်သင်းဖြစ်သည့် Manchester City FC နဲ့ Global Multi-year Partnership အဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။

"Experience More" ဆိုတဲ့ TECNO အမှတ်တံဆိပ်ရဲ့ အနှစ်သာရအတိုင်း အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးခြင်းဖြင့် သုံးစွဲသူတွေရဲ့ အဆင်ပြေသက်သာတဲ့ လူနေမှုဘဝကို ဖြည့်ဆည်းပေးတာဟာ TECNO ရဲ့ ရည်မှန်းချက်တစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့်လည်း TECNO ဟာ (၂၀၁၄) ခုနှစ်မှာ လန်ဒန်မြို့၌ International Quality Crown Award ၏ Gold Category အဖြစ် ရွေးချယ်ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

TECNO ဟာ (၂၀၁၀) ခုနှစ်ဟာ (၂၀၁၆) ခုနှစ်အတွင်း ထုတ်ကုန် (၁၀၀) မီလီယံအထိ အရှိန်အဟုန်ဖြင့် ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်ကို လျှင်မြန်စွာ ရောက်ရှိလာတဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်လာနေပါတယ်။ လက်ရှိအချိန်မှာလည်း အာဖရိကဈေးကွက်ရဲ့ ရောင်းအား အကောင်းဆုံး မိုဘိုင်းဖုန်း အမှတ်တံဆိပ် (၃) ခုထဲ တစ်ခု အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း၌ နာမည်ကောင်း ရနေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။

TECNO Mobile မှ ဈေးသက်သက်နဲ့ မျက်နှာပြင်ပြည့် smartphone ထွက်လာမယ် ဆိုတဲ့ ကောလဟလသာ တကယ်မှန်ခဲ့ရင် ဘယ်လိုထူးထူးခြားခြားတွေ ပါလာမလဲဆိုတာ ကိုတော့ ကျွန်တော်တို့ သေချာစောင့်ကြည့်ရမှာပါ။

(၂၀၁၈) ခုနှစ် မှာတော့ TECNO Mobile အနေနဲ့ သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းတဲ့၊ စိတ်ကျေနပ်မှု ရရှိစေမယ့် စမတ်ဖုန်းအသစ်တွေ ထုတ်လုပ်သွားဖို့ ရှိနေတာ သေချာနေပါတယ်။ ထွက်ရှိနေတဲ့ သတင်းများအရ TECNO Mobile ဟာ ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် (Bazel-less Full-screen) ပါရှိမယ့် စမတ်ဖုန်း အသစ်ကို မြန်မာနိုင်ငံ ဈေးကွက်မှာ မိတ်ဆက်ပေးဖို့ ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။ TECNO Mobile အနေနဲ့ မြန်မာနိုင်ငံ စမတ်ဖုန်း ဈေးကွက်ကို ထူးခြားတဲ့ စမတ်ဖုန်းသစ်တွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်စေဖို့ ရည်ရွယ်ထားဟန်ရှိပြီး မကြာမီ မိတ်ဆက်ပြသဖွယ်ရှိတဲ့ မျက်နှာပြင်ပြည့် (Full-screen) စမတ်ဖုန်းအသစ်ကတော့ TECNO အမှတ်တံဆိပ်ရဲ့ ပင်မဖုန်း ဖြစ်လာမယ်လို့ ယူဆရပါတယ်။

မျက်နှာပြင်ပြည့် ဘေးဘောင်မဲ့ (Bazel-less Full-Screen) စမတ်ဖုန်းရဲ့ ကြီးမားကျယ်ပြန့်တံ့ မျက်နှာပြင်ဟာ သုံးစွဲသူတွေအတွက် ဖျော်ဖြေရေးဆိုင်ရာ လုပ်ဆောင်ချက်များကို အကောင်းဆုံး ဖြစ်စေနိုင်သလို ပရော်ဖက်ရှင်နယ် DSLR ကင်မရာတစ်ခုနီးပါး စွမ်းဆောင်ရည် မြင့်မားတဲ့ ကင်မရာ တပ်ဆင်ပေးထားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်လည်း သုံးစွဲသူတွေအနေနဲ့ စမတ်ဖုန်းတစ်လုံးက ပရော်ဖက်ရှင် DSLR ကင်မရာ တစ်လုံးလိုမျိုး အကောင်းဆုံး ဓာတ်ပုံတွေကို ဘယ်လိုများ ရိုက်ကူးရယူ ပေးနိုင်မလည်း ဆိုတာကို စိတ်ဝင်းစားနေကြပါတယ်။

၎င်း စမတ်ဖုန်းအသစ်ရဲ့ အသေးစိတ် အချက်အလက်တွေ မပေါက်ကြားသေးပေမယ့် ပါရှိမယ့် ကင်မရာရဲ့ စွမ်းဆောင်ရည်ကတော့ 13MP ထက် မနည်းနိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ (ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်တာအတွင် TECNO Mobile က ထုတ်လုပ်ခဲ့တဲ့ စမတ်ဖုန်းများမှာ တပ်ဆင်ပေးထားတဲ့ ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို အခြေခံပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်။) ဒါတွေအပြင် ပြိုင်ဖက်များကပင် အထင်ကြီးရလောက်တဲ့ ကင်မရာပိုင်း လုပ်ဆောင်ချက်တွေ၊ စွမ်းဆောင်ရည်တွေ၊ စွဲမက်ဖွယ်ရာ ဒီဇိုင်းပုံံစံနဲ့ အသုံးပြုရ လွယ်ကူးခြင်း စတာတွေကလည်း ၎င်း စမတ်ဖုန်းအသစ်ရဲ့ အားသာချက်များ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ ၎င်း စမဖတ်ဖုန်း အသစ်ကို တရုတ် နှစ်သစ်ကူး အပြီးမှာ မြန်မာနိုင်ငံ ဈေးကွက်မှာ မိတ်ဆက်ပေး တော့မယ်ဆိုတာပါပဲ။ အားလုံးက စိတ်ဝင်စားစွာနဲ့ မျှော်လင့်နေကြသလို အမှန်တကယ် ဖြစ်လာပါက မြန်မာနိုင်ငံရဲ့ စမတ်ဖုန်း ခရေဇီတွေ အနေနဲ့ ဈေးနှုန်းချိုသာတဲ့ ပထမဆုံး မျက်နှာပြင်ပြည့် စမတ်ဖုန်းတစ်လုံးကို (၂၀၁၈) အစောပိုင်းမှာ စတင်ပြီးတော့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly