ထိုင်းနိုင်ငံတောင်ပိုင်း၌ ဗုံးပေါက်ကွဲ၍ စစ်သား ၄ ဦးခန့် ဒဏ်ရာရရှိ

ထိုင်းနိုင်ငံတောင်ပိုင်း၌ ဗုံးပေါက်ကွဲ၍ စစ်သား ၄ ဦးခန့် ဒဏ်ရာရရှိ

 ဖေဖေါ်ဝါရီ ၁၈ ။             ။ ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝပ်ခရိုင်အတွင်းရှိ ချာနေးစီရင်စု၌ လမ်းပြင်နေသောတပ်ဖွဲ့များထံသို့ ရိက္ခာများ လာရောက်ပေးပို့ခဲ့သည့် အင်ဂျင်နီယာတပ်ရင်းမှ စစ်သား ၄ဦးသည် ဗုံးဖောက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ချာနေးရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးဖြစ်သူ အဒီပေါင်ပရွမ်နူးက ယင်းဖြစ်ရပ်သည် တနင်္ဂနွေနေ့ နေ့လည် ၁၂း၃၀ နာရီခန့်တွင် ချာနေးစီရင်စုအတွင်းမှ ဘန်တူးခို လမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သည့် ဖောက်ခွဲရေးပစ္စည်းရှင်းလင်းရေးအဖွဲ့က ယင်းပေါက်ကွဲ မှုမှာ လမ်းမအောက်တွင်မြှုပ်နှံထားသော ၂၅ ကီလိုဂရမ်ခန့်လေးသည့် ဓာတ်ငွေ့လုံးရှည်ဗူးကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။ ဒါ့အပြင် ထိုဗုံးနှင့်ချိတ်ဆက်ထားသော ဝိုင်ယာကြိုးမှာ ၁၅၀မီတာခန့်ရှည်လျားပြီး လမ်းမဘေးရှိ တောတွင်းအထိသို့ ရောက်ရှိနေကြောင်း ယင်းအဖွဲ့က ဆိုခဲ့သည်။

လမ်းပြင်နေသော အင်ဂျင်နီယာတပ်ဖွဲ့ရှိရာ ဘန်ဆာကိုင်ရွာသို့ ရိက္ခာများပေးပို့ရန်အတွက် စစ်သားလေးဦး လိုက်ပါစီးနင်းလာသော ဗင်ကားတစ်စီးသည် ထိုလမ်းမပေါ်မှဖြတ်သန်းချိန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဗုံးပေါက်ကွဲမှုကြောင့် ဗင်ကားမှာ တိမ်းမှောက်သွားခဲ့ပြီး ပြောင်းပြန်လန်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နာခွန်ဆီထမ်မာရတ်ခရိုင်အခြေစိုက် သမ်ဆတ်ရီဆရီဆန်သောင်စစ်စခန်းရှိ အင်ဂျင်နီယာတပ်ရင်း ၅ မှ တပ်ကြပ်ကြီး ချာလာမ်ကီယက်ဝေါင်ကင်ဆရီ၊ ဗိုလ် ဂျာတူဝပ်သာချင်းန်၊ ဗိုလ်သတ်ချာပိုလ်ချန်သာမတ်စ်နှင့် တပ်သား ဂစ်ဖ်လီသောင်ဆောင်တို့ ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly