တာ့ဂျ်မဟာကို သွားရောက်လည်ပတ်ခဲ့တဲ့ ကနေဒါ၀န်ကြီးချုပ် မိသားစု

တာ့ဂျ်မဟာကို သွားရောက်လည်ပတ်ခဲ့တဲ့ ကနေဒါ၀န်ကြီးချုပ် မိသားစု

ဖေဖော်ဝါရီ ၁၈ ။           ။ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေလျက်ရှိတဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးဟာ ဖေဖော်ဝါရီ ၁၈ ရက်က ၎င်းရဲ့ မိသားစုနဲ့အတူ ယင်းနိုင်ငံရဲ့ အထင်ကရ တာ့ဂျ်မဟာ ဂူဗိမ္မာန်ကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ထရူးဒိုးဟာ အိန္ဒိယနဲ့အကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြုှပ်နှံမှု တိုးမြှင့်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ သီတင်းတစ်ပတ်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေလျက်ရှိတာဖြစ်ပါတယ်။

၎င်းဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ ဇနီးဖြစ်သူ ဆိုဖီ ဂရီဂွိုင်ရီ နဲ့ သားသမီး သုံးဦးတို့ နဲ့အတူ အိန္ဒိယရဲ့ အထင်ကရ အထိမ်းအမှတ်နေရာမှာ မိသားစုဓာတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။ တာ့ဂျ်မဟာကတော့ ပြည်ပခေါင်းဆောင်တွေ အိန္ဒိယကို လာတဲ့အခါမျိုးမှာ မဖြစ်မနေ သွားရောက်လည်ပတ်နေကျ နေရာတစ်ခုဖြစ်ပါတယ်။

ယခု အိန္ဒိယခရီးစဉ်ကတော့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုး ၂၀၁၅ ခုနှစ်က စတင်တာဝန်ယူပြီးချိန်ကတည်းက ပထမဆုံးသော  ခရီးစဉ်လည်း ဖြစ်ပါတယ်။

ယခု ခရီးစဉ်အတွင်းမှာတော့ ၎င်းဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ နဲ့တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြုှပ်နှံမှု၊ စွမ်းအင်၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly