အီရန်မှာ ခရီးသည်လေယာဉ်တစ်စင်း ပျက်ကျ၍ လူပေါင်း ၆၆ ဦးစလုံး သေဆုံး

အီရန်မှာ ခရီးသည်လေယာဉ်တစ်စင်း ပျက်ကျ၍ လူပေါင်း ၆၆ ဦးစလုံး သေဆုံး

ဖေဖော်ဝါရီ ၁၈ ။           ။ အီရန် လေကြောင်းလိုင်းတစ်ခုမှ ခရီးသည်တင်လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၁၈ ရက်က နိုင်ငံတောင်ပိုင်းမှာ ပျက်ကျသွားခဲ့လို့ လေယာဉ်ပေါ်လိုက်ပါသွားသူ လူပေါင်း ၆၆ ဦးစလုံး သေဆုံးသွားတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ လေယာဉ်ပျက်ကျလို့ ခရီးသည်တွေနဲ့ အမှုထမ်းတွေအားလုံး သေဆုံးသွားတယ်ဆိုတဲ့ သတင်းကိုတော့ အီရန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ အက်စ်မန် လေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူက   နိုင်ငံပိုင် ရုပ်သံကို အတည်ပြု ပြောကြားသွားတယ်လို့ သိရပါတယ်။

အဆိုပါ အင်ဂျင်နှစ်လုံးတပ် ART-72 လေယာဉ်ဟာ ဒေသတွင်း ခရီးတိုတွေကိုပဲ အဓိက ပျံသန်းပြေးဆွဲပေးနေတာဖြစ်ပြီး မြို့တော် တီဟီရန်ရဲ့ တောင်ဘက် ကီလိုမီတာ ၆၂၀ အကွာ ဆမ်မီရွမ်မြို့အနီး ဇာဂရိုစ်တောင်တန်းဘက်မှာ ပျက်ကျသွားတာဖြစ်ကြောင်း အီရန်သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Fars News agency က ထုတ်ပြန်ပါတယ်။

အဆိုပါ လေယာဉ်ဟာ မြို့တော် တီဟီရန်ကနေ  နိုင်ငံတောင်ပိုင်း ယာဆုမြို့ဆီ ဦးတည်ပျံသန်းသွားရင်း ယခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပျက်ကျလေယာဉ်ကတော့ အက်စ်မင် လေကြောင်းလိုင်းက ပြေးဆွဲပျံသန်းပေးနေတဲ့ လေယာဉ်တစ်စင်းဖြစ်ပြီး အထူးသဖြင့် နိုင်ငံတွင်းရှိ ဝေးလံတဲ့ ဒေသတွေဆီ အထူးဦးစားပေးပျံသန်းနေပေးနေခဲ့တာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly