ရှစ်လေးလုံးပါတီ ၄ လ အတွင်း မှတ်ပုံတင်ကျရန် မျှော်လင့်ကြောင်း ဦးကိုကိုကြီးပြော

ရှစ်လေးလုံးပါတီ ၄ လ အတွင်း မှတ်ပုံတင်ကျရန် မျှော်လင့်ကြောင်း ဦးကိုကိုကြီးပြော

ရန်ကုန် ဖေဖော်ဝါရီ ၁၈ ။            ။ ပါတီမှတ်ပုံတင်ကိစ္စနှင့် ပတ်သက်ပြီး ရွေးကောက် ပွဲကော်မရှင်က တစ်စုံတရာအကြောင်း ပြန်ကြားခြင်း မရှိသေး သော်လည်း ၄ လအတွင်း ပါတီမှတ်ပုံတင်ကျရန် မျှော်လင့်သည်ဟု ၈၈ မျိုးဆက် ဦးကိုကိုကြီးက ပြောကြား သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန် မြို့၊ သာကေတမြို့နယ် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ရုံးခန်းဖွင့်ပွဲအပြီးတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒီဇင်ဘာ ၁၉ ရက်က ကျွန်တော်တို့တင်ခဲ့ပြီးပါပြီ၊ အကယ်၍ တည်ထောင်ခွင့်ပြုတယ်ဆိုရင် ပုံစံ (ခ) ၊ တည်ထောင်ခွင့် မပြုဘူးဆိုရင် ပုံစံ (ဂ) နဲ့ အကြောင်းပြန်ကြားရမှာ ဖြစ်ပါတယ်၊ အဲဒါ ဒီနေ့ ဒီအချိန်အထိတော့ အကြောင်းပြန်ကြားချက် မရသေးပါဘူး၊ ပြည်ထဲရေးဝန်ကြီးဌာနက SB၊ CID၊ စသုံးလုံး၊ လူဝန်မှုကြီးကြပ်ရေး အဲဒီ အဖွဲ့အစည်း ၄ ခုကနေပြီးတော့ ကျွန်တော်တို့ တည်ထောင်လိုသူတွေနဲ့ပတ်သက်တဲ့နောက်ကြောင်း ရာဇဝင်တွေ စိစစ်တာတွေတော့ လုပ်ပြီးသွားပြီ၊ ပြီးသွားတော့ ကော်မရှင်ကို ပြန်ပို့ထားတယ်လို့ သိရတယ်၊ များမကြာမီတော့ အကြောင်းပြန်ကြားချက် ရလာလိမ့်မယ်လို့ မျှော်လင့်တယ်" ဟု ဦးကိုကိုကြီးက ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည် တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဦးကိုကိုကြီး ဦးဆောင်ပြီး ရှစ်လေးလုံးအမည်ဖြင့် ပါတီ မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က တည်ထောင်ခွင့်ပြု ကြောင်း ပြန်ကြားလာခဲ့လျှင်လည်း ပါတီအဖြစ် ရပ်တည် ရန် နောက်ထပ် ၄ လ ဆက်လက်ကြာမြင့်မည် ဖြစ်သည်ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။

"အဲဒီလို ပုံစံ (ခ) နဲ့အကြောင်းပြန်ကြားချက် ရလာခဲ့ရင်တော့ ပါတီရဲ့ (ပ) ခေါင်းဆောင်၊ (ဒု) ခေါင်းဆောင် ၂ ယောက်နဲ့ ပါတီရဲ့အမှတ်တံ ဆိပ်လိုဂို အစရှိတာတွေနဲ့ ပါတီဖွဲ့စည်းပုံတွေ ရက်ပေါင်း ၃၀ အတွင်း တင်ပြရမှာ ဖြစ်ပါတယ်၊ အဲဒါပြီးရင် ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင် အင့်အား ၁၀၀၀ ဆက်ပြီးတင်ပြရမှာဆိုတော့ ယေဘုယျအားဖြင့် ပုံစံ (ခ)နဲ့ အကြောင်းပြန်ကြား ပြီးတဲ့နောက် နောက်ထပ် ၄ လ လောက် သူရဲ့ လုပ်ထုံးလုပ်နည်းအရ ဆက်ပြီးကြာမြင့်မှာ ဖြစ် ပါတယ်" ဟု ဦးကိုကိုကြီးက ပြောသည်။

ပါတီအမည်နှင့်ပတ်သက်ပြီး ဝေဖန်မှုအချို ရှိခဲ့ သော်လည်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ (ရန်ကုန် တိုင်းဒေသကြီး) ရုံးခန်းကို ပြီးခဲ့သည့် ဇန်နဝါ ရီလ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်း ရုံးခန်းများ ဖွင့်လှစ်ခဲ့ သည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးအတွက် ဗဟိုဦးဆောင် ကော်မတီတာဝန်ခံအဖြစ် ဦးကိုကိုကြီးက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ဗဟိုဦးဆောင် ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဦးမင်းဇေယျာ၊ ဦးသက်ထွန်း၊ ဦးရဲနိုင်အောင် တို့ ပါဝင်သည်။

ယနေ့ ပြုလုပ်သည့် သာကေတမြို့နယ်ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို နိုင်ငံရေး ပါတီဖြစ်မြောက် ရေး ဗဟိုကော်မတီဝင်များနှင့် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly