ပါကစ္စတန်မှာ ရ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသား သေဒဏ် ၄ ခုကျ

ပါကစ္စတန်မှာ ရ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသား သေဒဏ် ၄ ခုကျ

ဖေဖော်ဝါရီ ၁၈ ။             ။ ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့လက အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အသက် ၂၄ နှစ်ရှိ အီမရန် အလီ ဆိုသူ အမျိုးသားကို  ယခုအခါ တရားရုံးက သေဒဏ် လေးခု ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

အဓမ္မကျင့်သတ်ဖြတ်ခံရတဲ့ ဇိန်နက်ဘ် အန်ဆာရီ ဆိုသူ ကလေးမလေးရဲ့ အလောင်းကိုတော့ သူမ ပျောက်ဆုံးနေခဲ့ပြီး လေးရက်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကမှ လာဟိုးမြို့တောင်ဘက် ကက်ဆူရာ မြို့က အမှိုက်ပုံတစ်ခုမှာ ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ယခုလို အန်ဆာရီရဲ့ ဖြစ်စဉ်ကြောင့် ပြည်သူအများစု ဒေါသူပုန်ထွက်ခဲ့ကြပြီး နိုင်ငံတစ်ဝှမ်း ဆန္ဒထုတ်ဖော်မှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ ယခုလို မုဒိန်းကျင့် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ ရဲတွေရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ကျေနပ်မှုမရှိလို့ နိုင်ငံတစ်ဝှမ်း ဆန္ဒပြခဲ့ရာကနေ အဓိကရုဏ်းတွေဖြစ်ခဲ့ပြီ ဆန္ဒပြသမားနှစ်ဦး သေဆုံးသွားခဲ့ရပါသေးတယ်။

ယခုအခါမှာတော့ အန်ဆာရီကို မုဒိန်းကျင့် လူသတ်ခဲ့တဲ့ တရားခံ အီမရန် အလီကိုတော့ နိုင်ငံအရှေ့ပိုင်း တရားရုံးတစ်ခုက စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အလီကိုတော့ ပြန်ပေးဆွဲမှု၊ အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ အကြမ်းဖက်မှု တို့နဲ့ သေဒဏ် လေးခု ချမှတ်ခဲ့တဲ့အပြင် ကလေးမလေးကို ဓမ္မတာနဲ့ ဆန့်ကျင် လိင်ဆက်ဆံခဲ့မှုအတွက် ၎င်းကို နောက်ထပ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းလည်း ချမှတ်ခဲ့တယ်လို့ ပန်ဂျပ်ပြည်နယ် ရှေ့နေချုပ် ဆိုင် အက်ရှန် ကာဒီရာက EFE ကို ပြောကြားခဲ့ပါတယ်။

ယခု တရားရုံး အမှုစီရင်ချက် ချမှုမှာတော့ ကလေးမလေး အန်ဆာရီ ရဲ့ ဖခင်ဖြစ်သူလည်း တက်ရောက်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags