ဘက်ဆစ်တပ်သို့ပြောင်းရန် ဖယ်လိုင်နီသဘောတူလိုက်ပြီဟု သတင်းထွက်

ဘက်ဆစ်တပ်သို့ပြောင်းရန် ဖယ်လိုင်နီသဘောတူလိုက်ပြီဟု သတင်းထွက်

ဖေဖော်ဝါရီ ၁၇၊ မန်ချက်စတာ။                 ။ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် ဘက်ဆစ်တပ်အသင်းနှင့်စာချုပ်ရန်သဘောတူလိုက်ပြီဟု သတင်းထွက်နေသည်။

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားသည် လာမည့်နွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ဆွေးနွေးခြင်း မှာလည်း အောင်မြင်မှုမရခဲ့ပေ။

မော်ရင်ဟိုသည် ၎င်းမန်ယူနိုက်တက်သို့ရောက်လာကတည်းက အဖိုးတန်ကစားသမားဖြစ်လာသည့် ဖယ်လိုင်နီကို အသင်းတွင် ဆက်ရှိစေချင်နေသည်။

သို့သော်လည်း ဖယ်လိုင်နီသည် လက်ရှိရာသီကုန်တွင် ဘက်ဆစ်တပ်သို့ပြောင်းလာတော့မည်ဟု တူရကီသတင်းများက ဖော်ပြနေကြသည်။

ဂါလာတာစာရေးနှင့် ဖီနာဘီချီတို့ကလည်းစိတ်ဝင်စားနေကြသော်လည်း ၎င်းတို့၏ပြိုင်ဘက် ဘက်ဆစ်တပ်က အသာရသွားခြင်း ဖြစ်သည်။

ဖယ်လိုင်နီသည် ပြီးခဲ့သည့်လ စပါးနှင့်ပွဲပြီးကတည်းက ဒဏ်ရာကြောင့်အနားယူနေရသည်။ ကွင်းလယ်လူအနေဖြင့် ယင်းပွဲတွင် လူစားဝင်ပြီး ၇ မိနစ်အကြာမှာပင် ဒဏ်ရာရသွားခြင်းဖြစ်သည်။ ဒူးဒဏ်ရာခွဲရမည်ဖြစ်၍ နှစ်လခန့်အနားယူရနိုင်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly