အင်ဒိုနီးရှားတွင် တရုတ်လူမျိုးများ နှစ်ကူးအား ဓလေ့ထုံးစံနှင့်အညီ ကျင်းပ

အင်ဒိုနီးရှားတွင် တရုတ်လူမျိုးများ နှစ်ကူးအား ဓလေ့ထုံးစံနှင့်အညီ ကျင်းပ

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၆ ။       ။ အင်ဒိုနီးရှားရှိ တရုတ်လူမျိုးများသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် နှစ်သစ်ကူးပွဲတော်အား ဘုရားကျောင်းများတွင် ဓလေ့ထုံးစံနှင့်အညီ ကျင်းပပြီး မိသားစုများ စုရုံးတွေ့ဆုံမှုများ ပြုလုပ်ကြသည်။

တန်ဂါရန်းမြို့က တရုတ်လူမျိုးများက ဂျကာတာမြို့တော်နှင့် အနီးတွင်ရှိသော Boen Tek Bio ဘုရားကျောင်းနှင့် အခြားသော ဘာသာရေးနေရာဌာနများသို့ လာရောက်လည်ပတ်ကြပြီး ကံကောင်းခြင်းများအတွက် ဆုတောင်းခြင်းများ၊ ရိုးရာဓလေ့ထုံးစံတင်ဆက်မှုများကို ပြုလုပ်ကြသည်။

မီးရှုးမီးပန်း ပစ်လွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနှင့် ဆုတောင်းစာများ မီးရှို့ခြင်းများကိုလည်း အင်ဒိုနီးရှားတွင် ဦးရေ သုံးသန်းနီးပါးရှိနေသည့် တရုတ်လူမျိုးများက ဆင်နွှဲပြုလုပ်ကြသည်။

လူဦးရေ သန်း ၂၆၀ ကျော်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် ၈၈ ရာခိုင်နှုန်းမှာ မွတ်စလင်များ ဖြစ်ကြသည်။

ခရီးသွားကျွန်း ဘာလီပြည်နယ်အစိုးရအနေဖြင့် တစ်နှစ်လျှင် တရုတ်ခရီးသွားဧည့်သည်ပေါင်း ၁ ဒဿမ ၅ သန်းနီးပါးကို လက်ခံရလေ့ရှိပြီး တရုတ်နှစ်ကူးအခါသမယများတွင် ဧည့်ဦးရေ ၁၅၀၀၀ ကျော်အား ဝန်ဆောင်မှု ပေးနေရသည်။

ဘာလီကျွန်းက တရုတ်နှစ်ကူးပွဲတော်တွင် နဂါးအကကခြင်း၊ တရုတ် ဟီနန်ပြည်နယ်မှ အနုပညာရှင်များ ကပြဖျော်ဖြေခြင်း၊ ဓနဥစ္စာနတ်မင်းအား ပူဇော်ခြင်းနှင့် ရိုးရာအစားအစာများ စားသုံးခြင်းများဖြင့် ဆင်နွှဲကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly