မြောက်ကိုရီးယားတွင် ခေါင်းဆောင်ဟောင်း ကင်မ်ဂျံုအီ၏ ရ၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

မြောက်ကိုရီးယားတွင် ခေါင်းဆောင်ဟောင်း ကင်မ်ဂျံုအီ၏ ရ၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

 

ဖေဖော်ဝါရီ ၁၆   ။              ။ ကွယ်လွန်သွားပြီဖြစ်သည့် ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီ၏ ၇၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြောက်ကိုရီးယားမှာ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။

ယင်းအခမ်းအနားကတော့ အဆိုပါ အာရှနိုင်ငံမှာ ကျင်းပနေကျဖြစ်တဲ့ အကြီးဆုံးသော ပွဲအခမ်းအနားတွေထဲက တစ်ခုဖြစ်ပါတယ်။

လက်ရှိ အိမ်နီးချင်း ဆိုးလ်နဲ့ အကြား တင်းမာမှုတွေ ပြေလျော့လာနေချိန်မှာပဲ ယင်းအခမ်းအနားကို သိုသိုသိပ်သိပ် ကျင်းပခဲ့တာဖြစ်ပါတယ်။

ယခုနှစ်ကျင်းပမှုမှာတော့ ထုံးတမ်းအစဉ်အလာအတိုင်းပဲ လက်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအန်းက Kumsusan Sun Palace ကို ရောက်လာခဲ့ပြီး ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဖခင် ကင်မ်ဂျုံအီနဲ့ အဘိုးဖြစ်တဲ့ ကင်မ်အီဆွန်းတို့ ဂူဗိမာန်ရှေ့မှာ လွမ်းသူ့ပန်းခွေ ချကာ ဂါရဝပြုခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။

ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းနဲ့အတူ အလုပ်သမားပါတီက အဆင့်မြင့်တာဝန်ရှိသူတွေလည်း လိုက်ပါသွားခဲ့တယ်လို့ အဆိုပါ သတင်းဌာနက ဖော်ပြပါတတယ်။

ယခုနှစ် အဆိုပါ ပွဲအခမ်းအနားကျင်းပရာမှာတော့ ယခင်နှစ်ကနဲ့မတူ ချဲ့ကားမှုမရှိဘဲ သာမန်မျှသာ ကျင်းပတာကိုတွေ့ရတယ်ဆိုပြီး ဆိုးလ်မြို့ ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly