တောင်အာဖရိက သမ္မတသစ်ဖြစ်လာသူ ရာမာဖိုဆာက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်သွားမည်ဟု ပြော

တောင်အာဖရိက သမ္မတသစ်ဖြစ်လာသူ ရာမာဖိုဆာက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်သွားမည်ဟု ပြော

 

ဖေဖော်ဝါရီ ၁၆ ။                     ။ နိုင်ငံမှာ အစိုးရအမှုထမ်းတွေရဲ့ အဂတိလိုက်စားမှုကို အဆုံးစွန် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံရဲ့ သမ္မတသစ်ဖြစ်လာသူ ဆိုင်ရေး ရာမာဖိုဆာက ဖေဖော်ဝါရီ ၁၅ ရက်က ပြောကြားလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်က ရာထူးကနေ နှုတ်ထွက်ပေးလိုက်ရတဲ့ ယခင် သမ္မတ ဂျက်ကော့ဘ် ဇူးမား ရင်ဆိုင်ခဲ့ရတဲ့ ခြစားမှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တိုက်ရိုက် ရည်ညွှန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

သမ္မတဟောင်း ဇူးမားကတော့ နိုင်ငံမှာ ခြစားမှု အရှုပ်တော်ပုံအကြား စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ရာထူးကနေ ထွက်ဖို့ အာဏာရပါတီရဲ့ ဖိအားပေးတောင်းဆိုမှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ယခုအခါမှာတော့ သမ္မတဇူးမား ရာထူးနှုတ်ထွက်သွားခဲ့ပြီး အာဏာရ ANC ပါတီ အကြီးအကဲ မစ္စတာ ရာမာဖိုဆာကို သမ္မတသစ်အဖြစ် တောင်အာဖရိက ပါလီမန်မှာ ကန့်ကွက်သူမရှိ တင်မြှောက်ခဲ့ကြတာဖြစ်ပါတယ်။

ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ဟောင်းတစ်ဦးလည်း ဖြစ်တဲ့ မစ္စတာ ရာမာဖိုဆာကတော့ ဖေဖော်ဝါရီ ၁၆ ရက်မှာပဲ နိုင်ငံတော် မိန့်ခွန်းကို ပြောကြားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly