ဘိုလီးဗီးယားတွင် မြေကျွံမှုဖြစ်၍ ကားတစ်စီးထိုးကျရာမှ အမျိုးသမီးနှစ်ဦးအား ကယ်တင်

ဘိုလီးဗီးယားတွင် မြေကျွံမှုဖြစ်၍ ကားတစ်စီးထိုးကျရာမှ အမျိုးသမီးနှစ်ဦးအား ကယ်တင်

 

ဆန်တာခရုဇ်၊ ဖေဖော်ဝါရီ ၁၆ ။           ။ ဘိုလီးဗီးယားနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆန်တာခရုဇ်တွင် မြေကျွံမှုကြီးဖြစ်ကာ ထိုးကျသွားသည့် ကားတစ်စီးအတွင်းမှ အမျိုးသမီးနှစ်ဦးကို အသက်ဘေးမှ ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရသည်။

အဓိကကားလမ်းမကြီးတစ်နေရာတွင် မြေကျွံမှုကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်အစောပိုင်းက ဖြစ်ပွားကာ အဆိုပါ အမျိုးသမီးနှစ်ဦး၏ ကားက မြေကျွံတွင်းထဲ ထိုးကျခဲ့ခြင်း ဖြစ်သည်။

ထိုကားအတွင်းမှ အသက် ၄၇ နှင့် ၄၉ နှစ်ရှိကြသော အမျိုးသမီးနှစ်ဦးကို မီးသတ်သမားများက ဆွဲထုတ်ကယ်တင်ခဲ့ပြီး ဆေးရုံတင်ပို့ခဲ့ရသည်။ ၎င်းတို့နှစ်ဦးမှာ အသက်အန္တရာယ် ခြိမ်းခြောက်လောက်သည့် ဒဏ်ရာ မရခဲ့ကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦးသည် ဦးခေါင်းတွင် ထိခိုက်ခြင်း၊ ခြေသပွတ်လည်ခြင်းများ ခံစားခဲ့ရကြောင်း ဆရာဝန်တစ်ဦးက ရုပ်သံသတင်းသို့ ပြောသည်။

လမ်းမျက်နှာပြင်ထက် ရေစီးရေလာ မကောင်းမွန်မှုကြောင့် မြေအောက် မြေပျော့မှုဖြစ်ကာ ယခုကဲ့သို့ မြေကျွံရခြင်းဖြစ်သည်ဟု မြို့တော်စည်ပင်ဌာနမှ တာဝန်ရှိသူ ဖရက်ဒီအရူကိုက သတင်းထောက်များအား ပြောကြားသည်။

ဆန်တာခရုဇ်မြို့တော်သည် လူဦးရေပေါင်း ၁ ဒဿမ ၅ သန်းနီးပါး နေထိုင်ပြီး ဘိုလီးဗီးယား၏ စီးပွားရေးအချက်အချာမြို့တော်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly