မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၁၉ အမျိုးသားနှင့် အမျိုးသမီးအသင်းအတွက် နည်းပြချုပ်များ ခန့်အပ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၁၉ အမျိုးသားနှင့် အမျိုးသမီးအသင်းအတွက် နည်းပြချုပ်များ ခန့်အပ်
(ဓာတ်ပုံ - MFF)

မြန်မာဘောလုံးအဖွဲ့ချုပ် (MFF)ဟာ ၂၀၁၈ ခုနှစ်အတွင်း အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများ အသီးသီး ယှဉ်ပြိုင်ကစားရမယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၁၉ အမျိုးသားနှင့် အမျိုးသမီးအသင်းအတွက် နည်းပြချုပ်များ ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ 

MFF က အဆိုပါ (၃)သင်းအတွက် နည်းပြချုပ်များကို ပြည်တွင်း နည်းပြများသာ ခန့်အပ်ခဲ့တာဖြစ်ပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

MFF အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးကို ခန့်အပ်ခဲ့ပါတယ်။ ဦးဝင်းသူမိုးဟာ အာရှဘောလုံးအဖွဲ့ချုပ် (AFC)ရဲ့ Instructor တစ်ဦးဖြစ်ပြီး လက်ရှိမှာ MFF ရဲ့ လူငယ်ဖွံ့ဖြိုးရေးနည်းစနစ် ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းအတွက် ငွေခေတ်လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်းကို တာဝန်ပေးသွားမှာဖြစ်ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ ၂၀၁၆ ခုနှစ်က မြန်ယူ-၁၉ အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး တစ်ကျော့ပြန် ခန့်အပ်ခံရတာဖြစ်ပါတယ်။ 

MFF ဟာ ယူ ၁၉ အမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကို ခန့်အပ်တာဝန်းပေသွားမှာဖြစ်ပါတယ်။ ဒေါ်သက်သက်ဝင်းဟာ အာရှဘောလုံးအဖွဲ့ချုပ် (AFC ) ရဲ့ A လိုင်စင်ရ နည်းပြတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲပေါင်းများစွာမှာ နည်းပြအဖြစ်ရော၊ ကစားသမားအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

MFF ဟာ စာချုပ်ချုပ်ဆိုခြင်းနှင့် လက်ထောက်နည်းပြများ၊ အုပ်ချုပ်မှုအဖွဲ့များ ဖွဲ့စည်းခြင်းကို မကြမီ ဆက်လက်သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly