၂၀၁၇-၁၈ ရာသီမှာ ရုပ်သံလိုင်းများပေါ် ကြည့်ရှုမှု အများဆုံးအဖြစ် ရီးယဲလ် vs. ပီအက်စ်ဂျီ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်လာ

၂၀၁၇-၁၈ ရာသီမှာ ရုပ်သံလိုင်းများပေါ် ကြည့်ရှုမှု အများဆုံးအဖြစ် ရီးယဲလ် vs. ပီအက်စ်ဂျီ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်လာ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ဟာ ၂၀၁၇-၁၈ ရာသီမှာ ရုပ်သံလိုင်းများပေါ်မှ တိုက်ရိုက်ကြည့်ရှုမှု အများဆုံးပွဲစဉ်ဖြစ်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အချက်အလက်များအရ သိရပါတယ်။

ရီးယဲလ်အသင်းက ပီအက်စ်ဂျီအသင်းကို (၃-၁)ဂိုးနဲ့ နိုင်တဲ့ပွဲကို စုစုပေါင်း ကြည့်ရှုသူ ၂.၄ သန်းထဲမှ ပရိသတ် ၁၃.၈ ရာခိုင်နှုန်းဟာ ဒီရာသီ beIN အားကစားရုပ်သံလိုင်းများပေါ်မှာ ကြည့်ရှုမှု အများဆုံးဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံကာကွယ်နေတဲ့ ရီးယဲလ်အသင်းဟာ ပြင်သစ်စူပါပါဝင်အသင်းကို ပွဲချိန် ၃၃ မိနစ် (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်နေရာမှ ပြန်လာနိုင်ခဲ့ပြီး မာဆယ်လိုက တတိယမြောက်ဂိုးကို သွင်းယူချိန်မှာ ရုပ်သံလိုင်းပေါ်မှာ ကြည့်ရှုသူ ၂.၈ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကျော့ပွဲစဉ်ကိုတော့ မတ်လ ၆ ရက်မှာ ပြင်သစ်မြေမှာ ကစားကြမှာဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly