လွှတ်တော်ရွေးကောက်ပွဲတွင် ပါတီမဲရှုံး၍ နီပေါဝန်ကြီးချုပ် နုတ်ထွက်

လွှတ်တော်ရွေးကောက်ပွဲတွင် ပါတီမဲရှုံး၍ နီပေါဝန်ကြီးချုပ် နုတ်ထွက်

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၅ ။           ။ နီပေါဝန်ကြီးချုပ်သည် ၎င်း၏ပါတီက လွှတ်တော်ရွေးကောက်ပွဲတွင် မဲရှုံးပြီးနောက် နုတ်ထွက်လိုက်ရရာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ရန် ရှိနေသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာက ရွေးကောက်ပွဲ အပြီးသတ် ရလဒ်ထွက်လာပြီးနောက်တစ်ရက်တွင် ဝန်ကြီးချုပ် ရှားဘာဟာဒေါဒူးဘားက ရာထူးက နုတ်ထွက်ကြောင်း ကြေညာခြင်း ဖြစ်သည်။

၎င်း၏ ဝန်ကြီးချုပ် သက်တမ်း ကိုးလအတွင်း အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ရွေးကောက်ပွဲများကို ကျင်းပစေခဲ့ခြင်း ဖြစ်သည်။

ဒူးဘား၏ နီပေါကွန်ဂရက်ပါတီက မဟာမိတ်ဖွဲ့ထားသော အဓိကကွန်မြူနစ်ပါတီနှစ်ခုကို အရေးနိမ့်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပါတီနှစ်ရပ်အနေဖြင့် လွှတ်တော်သစ်တွင် အများစုဖြစ်လာတော့မည်ဖြစ်သည်။

နီပေါကွန်မြူနစ်ပါတီ Unified Marxist Leninist ပါတီ၏ ခေါင်းဆောင် ခါဒဂါပရာဆက်အိုလီက ဝန်ကြီးချုပ်သစ်ဖြစ်လာရန် ရှိနေသည်။

ဒူးဘားသည် ၁၉၉၅ ခုနှစ်က ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး နှစ်နှစ်တာဝန် ထမ်းရွက်ခဲ့သူဖြစ်သည်။

၎င်း၏ ဒုတိယသက်တမ်းတွင် ယခင်ဘုရင်ဟောင်းဖြစ်သူ ဂျန်းနီဒရာက ဒူးဘားသည် အရည်အချင်း ညံ့ဖျင်းသည်ဆိုကာ ရာထူးက ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ဒူးဘားသည် တတိယသက်တမ်း ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ရစဉ်အတွင်း အာဏာအပြည့်အဝ ရယူနိုင်ပြီးနောက် ဘုရင်ဂျန်းနီဒရာကို ပြန်လည်ဖယ်ရှားခဲ့သည်။

၂၀၀၆ ခုနှစ်အတွင်းက ဆန္ဒပြပွဲများကြောင့်လည်း ဘုရင်၏ အုပ်ချုပ်မှုစနစ် နိဂုံးချုပ်သွားပြီး လွှတ်တော်ကလည်း ရာစုများစွာ သက်တမ်းရှိသည့် ဘုရင်စနစ်ကို ဖျက်သိမ်းရေး မဲပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly