မျက်နှာခွဲစိတ်ထားတယ်ဆိုတဲ့ သတင်းကို ငြင်းပယ်လိုက်တဲ့ ပက်ခ်ရှင်ဟေး

မျက်နှာခွဲစိတ်ထားတယ်ဆိုတဲ့ သတင်းကို ငြင်းပယ်လိုက်တဲ့ ပက်ခ်ရှင်ဟေး

တောင်ကိုရီးယားမင်းသမီး ပက်ခ်ရှင်ဟေးက ၎င်းမျက်နှာ ခွဲစိတ်ထားသည်ဆိုသည့် ကောလာ ဟလသတင်းများမှာ မဟုတ်မှန်ကြောင်း ၎င်း၏  Instagram အကောင့်မှတစ်ဆင့် တုံ့ပြန်ပြောကြား သည်။

“ ကျွန်မ အမေ မွေးပေးလိုက်တဲ့ ပုံစံအတိုင်း ကျွန်မ အသက်ရှင် နေထိုင်နေတာပါ။ ရှင်တို့ရဲ့ လှပတဲ့ ပါးစပ်တွေ၊ တန်ဖိုးရှိတဲ့ လက်တွေက ဘာကြောင့်များ ဒီလိုမဟုတ်တဲ့ စကားတွေပြောနေရေးနေ ကြတာပါလဲ။ ကျွန်မ အရမ်းဝမ်းနည်းမိပါတယ်” ဟု ပက်ခ်ရှင်ဟေးက Instagram ၌ ရေးသား ခဲ့ပြီး ကျောခိုင်းနေသော ဓာတ်ပုံတစ်ပုံကို ဖော်ပြခဲ့သည်။

ပက်ခ်ရှင်ဟေးသည်  The Heirs နှင့် Pinocchio ကဲ့သို့သော လူကြိုက်များသော ဒရမ်မာ ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ဲပြီးနောက် ပရိသတ်များ၏ အားပေးမှု မြှင့်တက်ခဲ့သည်။  ပက်ခ်ရှင်ဟေးသည်  Beauty Inside ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly