ကလေးမွေးပြီးနောက် လူမှုကွန်ရက်ပေါ် ပြန်ရောက်လာတဲ့ ကိုင်လီ ဂျန်နာ

ကလေးမွေးပြီးနောက် လူမှုကွန်ရက်ပေါ် ပြန်ရောက်လာတဲ့ ကိုင်လီ ဂျန်နာ

ကမ္ဘာကျော် မော်ဒယ် ကိုင်လီ ဂျန်နာတစ်ယောက် ဖေဖော်ဝါရီ ၁ ရက်ကပဲ Stormi Webster ဆိုတဲ့ သမီးမိန်းကလေး ရင်သွေးလေးတစ်ဦးကို ဖွားမြင်ထားခဲ့တာပါ။

ယခုဆိုရင် ကလေးမွေးပြီး နှစ်ပတ်အကြာမှာပဲ သူမရဲ့ ရင်သွေးလေးအတွက် ကလေးထိန်းအကူအညီတစ်ချို့ ကိုင်လီတစ်ယောက် ငှားရမ်းရယူထားခဲ့ရတယ်လို့ People က ဖော်ပြပါတယ်။

ပထမတုန်းကတော့ ကိုင်လီဟာ မိခင်ဖြစ်တဲ့ Kris Jenner ကို အားကိုးဖို့ မျှော်လင့်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ  အသက် ၂၀ အရွယ် ကိုင်လီကတော့ ကလေးမွေးပြီး ပထမဆုံးအကြိမ်အဖြစ် ဆိုရှယ်မီဒီယာပေါ် ပြန်ရောက်လာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက Valentine's Day ပို့စ်တစ်ခုကို Instagram ပေါ် share လုပ်ထားခဲ့တာပါ။ ပုံထဲမှာတော့ အများအမြင် ထင်းခနဲ မြင်သာတဲ့ ဖိနပ်တစ်စုံနဲ့အတူ သူမရဲ့ ခြေတံအလှကို ကြွားဝါးဖော်ပြထားပါတယ်။

သူမက မူလတုန်းကတော့ ကလေးအတွက် မိခင်ဖြစ်သူနဲ့ ညီအမတွေဆီကနေ အကူအညီ ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် ခုမှာတော့ ယင်းစိတ်ကူးကို ပြောင်းလိုက်ပြီ ဖြစ်တယ်လို့ People က ဖော်ပြသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly