ဖလော်ရီဒါစာသင်ကျောင်းအတွင်း ကျောင်းသားဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်၍ ၁၇ ဦး သေဆုံး

ဖလော်ရီဒါစာသင်ကျောင်းအတွင်း ကျောင်းသားဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်၍ ၁၇ ဦး သေဆုံး

ဖလော်ရီဒါ၊ ဖေဖော်ဝါရီ ၁၅ ။              ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားဟောင်းတစ်ဦးက AR-15 ရိုင်ဖယ်တစ်လက်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ အနည်းဆုံး ၁၇ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ပတ်လန်းအရပ်ရှိ Marjory Stoneman Douglas အထက်ကျောင်းကို ဝင်ရောက်ပစ်ခတ်သည့် ကျောင်းသားဟောင်းမှာ အသက် ၁၉ နှစ်အရွယ်ရှိ နီကိုလပ်ခရုဇ်ဆိုသူဖြစ်ကြောင်း စီရင်စုအရာရှိ စကော့အစ္စရေးက ပြောပြီး ၎င်းကို စည်းကမ်းမလိုက်နာသဖြင့် ကျောင်းက ထုတ်ပယ်ထားသူဖြစ်ကြောင်း ဆိုသည်။

ချစ်သူများနေ့တွင် ထိုသို့ ဝင်ရောက်ပစ်ခတ်သည့် ခရုဇ်ကို အနီးရှိ ကိုရယ်စပရင်းမြို့ငယ်တွင် အသာလက်ရဖမ်းမိဖမ်းမိပြီး ထိခိုက်ဒဏ်ရာအနည်းငယ်ကြောင့် ဆေးရုံတွင် ထားရှိထားကြောင်း စကော့က ပြောသည်။

“သူကို ကျည်ကတ်တွေ တော်တော်များများနဲ့အတူ ဖမ်းဆီးမိတာဖြစ်တယ်။ သူ့မှာ ဒီ AR-15 ရိုင်ဖယ်တစ်လက်တည်း ပါမယ်လို့ ကျွန်တော်တို့ ယူဆတယ်။”ဟု စီရင်စုအရာရှိ စကော့က ဆိုသည်။
ယခုနှစ်စတင်ချိန်မှစကာ ပစ်ခတ်မှုပေါင်း ၂၀ နီးပါး ဖြစ်ခဲ့သည့်အနက် တစ်ခုဖြစ်သည့် ယခုပစ်ခတ်မှုအရ အမေရိကန်နိုင်ငံအတွင်း လက်နက်ကိုင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေမှုကို မီးမောင်းထိုးပြလျက် ရှိသည်။

လက်နက်ကိုင်ဆောင်မှု ရှိနေသည့် အမေရိကန်နိုင်ငံအတွင်း လက်နက်ပစ်ခတ်မှုနှင့် ဆက်နွယ်သော သေဆုံးမှုပေါင်းက နှစ်စဉ် ၃၃၀၀၀ ကျော်ထက်မနည်းရှိသည်။
“ပတ်လန်းအတွက် ကြောက်မက်ဖွယ် နေ့တစ်နေ့ပါပဲ။”ဟု စကော့က ပြောသည်။
အဆိုပါ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက သေနတ်သမား ခရုဇ်သည် အတန်းဖော်များကို ခြိမ်းခြောက်နိုင်သူတစ်ဦးအဖြစ် ယခင်ကတည်းက သတ်မှတ်ထားခံရသူဖြစ်ကြောင်း ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly