ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁ဝ,ဝဝဝ ခန့် ကျန်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁ဝ,ဝဝဝ ခန့် ကျန်ရှိ
(ဓာတ်ပုံ - ငြိမ်းချမ်းနိုင်၊ အီးပီအေ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်များကို City Taxi အဖြစ် မှတ်ပုံတင်ရန် အစီးရေ ၁ဝ,ဝဝဝ ခန့် ကျန်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရပါတယ်။

''City Taxi အဖြစ် မှတ်ပုံတင်ဖို့ အများသိအောင်လို့လည်း နိုင်ငံပိုင် သတင်းစာတွေနဲ့ ရုပ်သံအစီအစဉ်တွေကနေ ကြေညာထားပါတယ်။ ဒါကြောင့် ကျန်နေသေးတဲ့ ယာဉ်တွေကိုတော့ ကြေညာထားတဲ့အတိုင်း လုပ်ဆောင်မှာပါ''လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

အဆိုပါ မှတ်ပုံတင်ရန် ကျန်ရှိနေသေးတဲ့ City Taxi အငှားယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(က-ည-န) မှတ်တမ်းများနှင့် စိစစ်ပြီး လုပ်ငန်းလိုင်စင် ပိတ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

City Taxi အဖြစ် မှတ်ပုံတင်ပြုလုပ်မှုကို ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ကျန်နေသေးတဲ့ ယာဉ်များအတွက် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ပေမယ့် ဖေဖော်ဝါရီလအတွင်းသို့ ရောက်ရှိလာတဲ့တိုင် အစီးရေ ၁ဝ,ဝဝဝ ခန့်မှာ မှတ်ပုံတင်ရန် ကျန်ရှိနေပါတယ်။

Source: Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags