ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်သွားခဲ့သည့် တွန်ဂါသို့ နိုင်ငံတကာအကူအညီများ ပေးပို့

ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်သွားခဲ့သည့် တွန်ဂါသို့ နိုင်ငံတကာအကူအညီများ ပေးပို့

ဖေဖော်ဝါရီ ၁၄ ။            ။ အဆိုးရွားဆုံး ဆိုင်ကလုန်းမုန်တိုင်း ဂီတာ ဝင်ရောက်မွှေနှောက်တိုက်ခတ်သွားခဲ့သည့် ပစိဖိတ်တောင်းပိုင်း ကျွန်းနိုင်ငံငယ်လေး တွန်ဂါနိုင်ငံထံသို့ ဖေဖော်ဝါရီ ၁၄ ရက်ကစ၍ နိုင်ငံတကာ အကူအညီပစ္စည်းများ စတင်ရောက်ရှိလာပြီ ဖြစ်သည်။

တွန်ဂါနိုင်ငံတွင် ဝင်ရောက်တိုက်ခတ်သွားသည့် အားပြင်းမုန်တိုင်း ဂီတာသည် ယခုအခါ ဖီဂျီနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါတယ်။

အရေးပေါ် အကူအညီအထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသည့် သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံများမှ လေယာဉ်များသည် ယင်းနေ့က မုန်တိုင်းသင့် တွန်ဂါနိုင်ငံ မြို့တော်သို့ ဆိုက်ရောက်လာခဲ့ကြသည်။

မြို့တော် နူကူ အလိုဖာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က အားအပြင်းဆုံး ဆိုင်ကလုန်း ဝင်ရောက်မွှေနှောက်တိုက်ခတ်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်ဟု သိရသည်။

ယခုအခါ ဂီတာ မုန်တိုင်း ဖြတ်ကျော်နေလျက်ရှိခြင်းကြောင့် အလားတူ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရမည့်အပေါ် ဖီဂျီတွင်လည်း စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly